fgjgtj

fgjgtj Game Blog | Created By Www.BestTheme.Net

  • RSS
  • Delicious
  • Facebook
  • Twitter

Popular Posts

Hello world!
Righteous Kill
Quisque sed felis

About Me

Popular Posts

Thumbnail Recent Post

Righteous Kill

Lorem ipsum dolor sit amet, consectetuer adipiscing elit. Quisque sed felis. Aliquam sit amet felis. Mauris semper, velit semper laoreet dictum, quam diam dictum urna, nec placerat elit nisl in ...

Quisque sed felis

Lorem ipsum dolor sit amet, consectetuer adipiscing elit. Quisque sed felis. Aliquam sit amet felis. Mauris semper, velit semper laoreet dictum, quam diam dictum urna, nec placerat elit nisl in ...

Etiam augue pede, molestie eget.

Lorem ipsum dolor sit amet, consectetuer adipiscing elit. Quisque sed felis. Aliquam sit amet felis. Mauris semper, velit semper laoreet dictum, quam diam dictum urna, nec placerat elit nisl in ...

Hellgate is back

Lorem ipsum dolor sit amet, consectetuer adipiscing elit. Quisque sed felis. Aliquam sit amet felis. Mauris semper, velit semper laoreet dictum, quam diam dictum urna, nec placerat elit ...

Post with links

This is the web2feel wordpress theme demo site. You have come here from our home page. Explore the Theme preview and inorder to RETURN to the web2feel home page CLICK ...

Archive for August 2010

လက်နက်ကိုင် တော်လှန်ရေးရဲဘော်များခံယူရမည့်
ခံယူချက် (၄)ရပ်။

(၁) ကရင်တွေ လက်နက်ချစကားမပြောနဲ့။
(၂) ကရင့်လက်နက် ကရင့်လက်ထဲမှာ ရှိရမယ်။
(၃) ကရင့်ကြမ္မာ ကရင်ဖန်တီးရမယ်။
(၄) ကရင်ပြည်ကို အသိအမှတ်ပြုရမယ်။

(စောဘဦးကြီး)


အပိုဒ် (၁၁)
မန်းဘဇန်နှင့် မန်းစိန်ပွင့်
မန်းဘဇန်နှင့် မန်းစိန်ပွင့်နှစ်ဦးသည် စာရေးသူ၏ ဖခင်နှင့် အဘိုးများဖြစ်ကြသည်။ ၎င်းတို့နှစ်ဦး၏ (ကရင့်တော်လှန်ရေး)အ ပေါ် အမြင်နှင့် သဘောထား)ကို ရသမပျက်စေခြင်းငှာ-ဥက္ကဌကြီး မန်းဘဇန် ကိုယ်တိုင်အသံသွင်းခဲ့သည့် တိတ်ခွေမှ တိုက် ရိုက်ကူးယူဖေါ်ပြထားပါသည်။


ဥက္ကဌကြီး မန်းဘဇန်မှ-
“ကျွန်တော့်အဖေက အစိုးရအမှုထမ်း (၀န်ထောင်) ပေးတာမယူလို မကျေနပ်ဘူး။ ဒါပေမယ့်ထူးခြားတာတခုက ၁၉၄၈ ခုနှစ် ဖေဖေါ်ဝါရီ(၁၁)ရက်နေ့ ဆန္ဒပြပွဲကို သူသွားကြည့်တယ်။ တေကတက်လာတဲ့ ကရင်နှစ်သောင်းကျော်က မြို့ထဲမှာ ဆန္ဒပြ ကြတယ်။ မအူပင်မြို့ပေါ်မှာတော့ ကရင်တွေ အိမ်ခြေ (၅၀)လောက်ပဲရှိတယ်။ ကရင်လူထု နှစ်သောင်းလောက် ဆန္ဒပြကြ တော့ ဒီလောက်အုံကြွနေပါလား။ ညီညွတ်နေကြပါလားဆိုတာ သူတွေ့သွားတယ်။ ဒီတော့မှ ငါ့သားလုပ်တာ အတော် အောင်မြင်နေပါလား ဆိုတာသိသွားပြီး ဘာမှမပြောတော့ပဲ ငြိမ်နေတော့တယ်။

တခုတော့ ထူးခြားတာရှိတယ်။ ကျနော်တို့ အတူတူတအိမ်တည်းနေတုံး ကျောင်းအုပ်လုပ်တော့ တောကတက်လာတဲ့ ကျေး ရွာဥက္ကဌတွေ၊ မြို့နယ် ဥက္ကဌတွေနဲ့ ဆွေးနွေးတာကို သူနားထောင်ပြီး စိတ်ဝင်စားလာတယ်။ ထောက်ခံလာတယ်။ ဒီလိုလုပ် နေတာတွေကို သိပ်ပြီးမကန့်ကွက်တော့ဘူး။

အဲဒီလို မြို့နယ်ခေါင်းဆောင်တွေ ကျေးရွာခေါင်းဆောင်တွေနဲ့ တွေ့ဆုံတာကို သူသိပ်ပြီး သဘောကျတယ်။ တနေ့အ ကြောင်းတခုပေါ်လာတယ်။ ၁၉၄၈ခုနှစ်၊ မတ်လ (၃)ရက်နေ့ အစည်းအဝေးပြီးတဲ့အခါကရင်တွေသိပ်ပြီးအုံကြွလာတယ်။ဖဆပလအစိုးရကသူ့အစီအစဉ်တွေမအောင်မြင်တော့ ဘယ်လိုတွေးခေါ်လာသလဲဆိုတော့ ဒီကိစ္စမှာ တကယ်အရေးတဲ့ပု ဂ္ဂိုလ်ကတော့ စောဘဦးကြီးနဲ့ မန်းဘဇန်ဖြစ်တယ်။ မန်းဘဇန်ကို တခုခုလုပ်လိုက်မယ်ဆိုရင် ကရင်တွေအုံကြွမှုဟာ တခုခု ဖြစ်သွားနိုင်ဆိုတဲ့ အတွေးအခေါ်ဝင်လာတယ်။

ဟုတ်ပါတယ်၊ ကျွန်တော် K.N.D.O ကိုကိုင်တော့ လှုပ်ရှားမှုတွေအားလုံးကို ကေအဲန်ဒီအိုကလုပ်တယ်။ စောဘဦးကြီးက တော့ သြဇာရှိတဲ့ခေါင်းဆောင်တယောက်၊ သူတို့ဘာစီစဉ်သလဲဆိုရင် ကျွန်တော်အလုပ်မလုပ်နိုင်အောင် ကျွန်တော့်ကို ဖမ်း ဘို့စီစဉ်လာတယ်။ အဲဒီလိုမဖမ်းခင် သတိပေးတဲ့အနေနဲ့ ဦးနုက စောဘဦးကြီးကို ခေါ်ပြောတယ်။ ခင်ဗျားမန်းဘဇန်ကို ပြော လိုက်ပါ၊ ဒီလိုတော့မလုပ်ပါနဲ့၊ အခြေအနေတွေသိပ်ဆိုးနေပြီ၊ ကျနော်တို့ မန်းဘဇန်ကို တခုခုလုပ်ရလိမ့်မယ်လို့ပြောကြောင်း စောဘဦးကြီးက ကျွန်တော့်ကို ခေါ်ပြောတယ်။

ဟေ့-ဘဇန်၊ မင်းကိုဖမ်းလိမ့်မယ်တဲ့-
ဖမ်းရင်လဲဖမ်းပေါ့ဗျာ၊ ကျွန်တော့်ကိုဖမ်းရင် အလုပ်လုပ်လို့မရဘူး၊ ဒါပေမယ့် ကျွန်တော်တို့ ပြန်နောက်ဆုတ်လို့မရဘူး။ ဒါ ဟာ သူ့ကာလ၊ သူ့အချိန်နဲ့ ဖြစ်ပေါ်လာတဲ့ကိစ္စပဲ။ ဒီတော့ ကျွန်တော်ဆက်လုပ်ရမှာပဲလို့ပြောတော့၊ ဥက္ကဌကြီးစောဘဦးကြီး က အေး--ကြည့်ပြီးတော့သာနေပေါ့လို့ ဆိုတယ်။

ဦးနုတို့ ဖဆပလအစိုးရက ဖမ်းမယ်ဆိုတာကို ကျွန်တော့်အဖေသိလာတယ်။ ဖမ်းမယ်ဆိုတော့ ကျွန်တော့်မှာ အခက်အခဲရှိ တယ်။ ဖမ်းမယ်ဆိုရင် အလုပ်မလုပ်နိုင်တော့မှာတကြောင်း၊ နောက်တချက် ကျွန်တော့်ခလေးတွေကိစ္စ၊ ဒီသံယောဇဉ် ကြောင့်ပေါ့၊ နဲနဲတော့စိတ်ပူတယ်။ ဒါပေမယ့် ကျွန်တော်သိပ်မမှုဘူး။ ကျွန်တော်လုပ်ရမယ့်အလုပ်က သိပ်ပြီးတိုးတက်အောင် မြင်နေတယ်။ ကျွန်တော်ကို ဖမ်းမယ်ဆိုတာ အဖေကြားတော့ ခေါ်မေးတယ်။

ဟေ့ ဘဇန်၊ မင်းကို ဖမ်းမယ်ဆို၊
အဲဒီလိုပဲ ဥက္ကဌကြီးစောဘဦးကြီးကပြောတယ်။
အဲဒါမင်းဘယ်လိုလုပ်မလဲ။
အဖမ်းခံရရင်တော့ ကျွန်တော်အလုပ်ပဲ ထိခိုက်မယ်၊ ကျွန်တော့်သားမယားတွေအတွက်လည်း ပူပန်တယ်။ သူတို့အတွက် အိမ်ထောင်ရေး၊ ၀မ်းရေးပြဿနာတွေ-----

ဒီတော့ အဖေက အိမ်ထောင်ရေး၊ ၀မ်းရေးပြဿနာတွေဟုတ်လား။ မင်းကိုအရင်တုန်းက ဘယ်သူကြွေးတာလဲ၊ မင်းနိုင်ငံ ရေးလုပ်တဲ့အခါ၊ အမျိုးသားရေးလုပ်တဲ့အခါ၊ ငါပဲကြွေးနေတယ်။ အခုမင်းအဖမ်းခံရင် ငါပဲကြွေးရမှာပေါ့ တဲ့၊

ကျွန်တော်သိပ်အံသြံသွားတယ်။ ၀မ်းလဲသာတယ်။ ကျွန်တော်အဖေဆက်ပြောတယ်။ မင်းအလုပ်ကတော့အခုမှန်ပြီးကွ၊ ဒါ ပေမယ့် ဒီလိုရှိတယ်။ အမျိုးသားရေးလုပ်ရင် အဖမ်းခံရမယ်၊ ထောင်ကျမယ်၊ သေမယ်၊ မင်းကြည့်ပေါ့ကွာ၊အိန္ဒိယပြည်လွတ် လပ်ရေးရသွားပြီးမဟုတ်လား။ ဘယ်သူလဲဂန္ဒီလုပ်တယ်။ ဂန္ဒီဘယ်နှစ်ကြိမ်ထောင်ကျသလဲဆိုတာ မင်းသိသားပဲ။ အေ- အဲ ဒီလို လုပ်ရမှာပဲကွ၊

အဲဒီလို ကျွန်တော့်အဖေကပြောလာတော့ အင်မတန်အားတက် ၀မ်းသာသွားတယ်။ (ဟုတ်ပြီး င့ါအလုပ်တခုကတော့အောင် မြင်ပြီး) ဆိုပြီး၊ အမျိုးသားရေးအတွက် စိတ်ဓာတ်တက်ကြွလာတယ်။ အလုပ်လုပ်ရန် ပိုပြီး စိတ်ဓာတ်တက်ကြွခိုင်မာလာ တယ်။

နောက်တချက်က တော်လှန်ရေးစပြီး (၁၉၅၀) ခုနှစ်မှာ ကျွန်တော့်အဖေဟာ လူကြီးရောဂါနဲ့ ကွယ်လွန်သွားတယ်။ သူမ ကွယ်လွန်မီ စာတစောင်ရေးထားခဲ့တယ်။ ဒီစာမှာဘယ်လိုပါသလဲဆိုတော့--
ငါ့သား--မင်းဒီနေ့လုပ်နေတဲ့အလုပ်ဟာ မှန်တယ်၊ ဒီတော့မင်းဒီအလုပ်ကို ရှေ့ဆက်သွားပါ၊ နောက်ပြန်လှည့်မကြည့်နဲ့၊ ပြ ဿနာတွေတော့ရှိလာမယ်၊ ဘာဘဲရှိရှိပေါ့လေ၊ ကျမ်းစာထဲမှာ ပါတယ်မဟုတ်လား၊ လယ်သမားတယောက်ဟာ သူတမန်း ရအောင်လယ်ထွန်တာ ရှေ့မှာခြံတွေ၊ ငုံတွေ၊ ဘာတွေဘဲရှိရှိရှင်းပစ်ပြီး တမန်းရအောင်လုပ်သလို မင်းတို့အခုလုပ်နေတဲ့ တော်လှန်ရေးမှာ ဘယ်လိုအခက်အခဲ၊ အနှောက်အယှက်၊ အတားအဆီးတွေရှိရှိ၊ ရှေ့ကိုသာ တစိုက်မတ်မတ်သွား၊ ကိုယ် လုပ်မဲ့အလုပ်ကိုသာလုပ်၊ မင်းအခုလုပ်နေတဲ့ တော်လှန်ရေးဟာမှန်တယ်။ ဒါအောင်ရမယ်။ င့ါသား--မင်းတခုနားလည်ရမှာ က-- ဘုရားသခင်ကိုမမေ့ပါနဲ့၊ ဘုရားသခင်ကို ဦးထိပ်ထားပြီးတော့ မင်းလုပ်သွားမယ်ဆိုရင် အောင်မြင်မှာဖြစ်တယ် ဆိုတဲ့ စာလေးရေးပေးခဲ့တယ်။
ဒီစာကိုဖတ်ပြီး င့ါတော်လှန်ရေးလုပ်ငန်းတ၀က်အောင်မြင်ပြီးကွလို့၊ ၀မ်းသာသွားတယ်။ ဘာပဲဖြစ်ဖြစ် ငါသေရင်သေပါစေ၊ ငါ့ လုပ်ငန်းဟာမှန်ကန်တယ်။ မွန်မြတ်တယ်၊ ပြီးဆုံးတဲ့အထိ ငါလုပ်သွားမယ်လို့ သံဓိဌာန်ချလိုက်တယ်။

ကျွန်တော့်အဖေရဲ့ သဘောထားပြောင်းသွားမှုဟာ ကျွန်တော့်ရဲ့ အောင်မြင်မှုတရပ်လို့ ကျွန်တော်ခံယူတယ်။ အဲဒီအဖေစ ကား၊ အဖေသင်တန်းစာဟာ ဒီကနေ့အထိ ကျွန်တော့်ဦးနှောက်ထဲမှာရှိနေတယ်။ အဲဒီသေတမ်းစာဟာ အကြပ်အတည်းတွေ့ တိုင်း ကျွန်တော်သတိရပြီး အကြပ်အတည်းကို ရင်ဆိုင်ကျော်လွှမ်းနိုင်ခဲ့တယ်။ ဖြေရှင်းနိုင်ခဲ့တယ်”ဟု ဖေါ်ပြခဲ့သည်။

ယခုတော့ မန်းစိန်ပွင့်နှင့် မန်းဘဇန်ဆိုသည့် မျိုးချစ်ပုဂ္ဂိုလ်နှစ်ဦးသည် တော်လှန်သည့် ကရင်မျိုးဆက်သစ်များ ဖွားမြင်ပေးခဲ့ပြီး လူ့လောကမှ အသီးသီးထွက်ခွာ သွားကြပြီဖြစ်သည်။

သို့သော်လည်း ၎င်းတို့ချမှတ်ပျိုးထောင်ပေးခဲ့သည့် အမျိုးသားဒီမိုကရေစီရေး၊ တန်းတူရေး၊ လူမျိုးစုံသွေးစည်းချစ်ကြည်ရေး နှင့် ထာဝရငြိမ်းချမ်းရေးအသီးအပွင့်များ ဝေဆာစွာဖူးပွင့်လာစေရန် ဆန္ဒပြုအပ်ပါသည်။


အခန်း (၂)
အပိုဒ် (၁)
ဥက္ကဌကြီးမန်းဘဇန်နှင့် ကေအဲန်ဒီအို

ကေအဲန်ဒီအို ဖြစ်ပေါ်လာရသည့်အကြောင်းကို ၎င်းကိုယ်တိုင်ပါဝင်ဦးစီးလုပ်ကိုင်ခဲ့သည့် အလျှောက်(ရသ)မပျက်စေလိုသ ဖြင့် ဥက္ကဌကြီးမန်းဘဇန် ကိုယ်တိုင်အသံသွင်းခဲ့သည့်တိတ်ခွေမှ တိုက်ရိုက်ကူးယူရေးသားဖေါ်ပြထားပါသည်။

အုပ်ချုပ်ပုံအခြေခံဥပဒေက ပြဌာန်းထားတဲ့ တိုင်းပြုပြည်ပြုလွှတ်တော် ကိုယ်စားလှယ်တွေကို ကြည့်မယ်ဆိုရင် အမတ်ဦးရေ (၂၁၀)ရှိတဲ့အထဲမှာ ကရင်အမှတ်က (၂၄)ယောက်ရတယ်။ ကျန်တာကတောင်တန်းဒေသနဲ့ ပြည်မကကိုယ်စားလှယ်တွေ အချို့ပါဝင်တယ်။ ဗမာအမတ်က သုံးပုံနှစ်ပုံရှိတယ်။

တိုင်းပြည်အုပ်ချုပ်ပုံ အခြေခံဥပဒေအရဆိုရင် ကျွန်တော်တို့လိုချင်တဲ့ကရင်ပြည်ဟာ ဘယ်တော့မှမရနိုင်တော့ဘူး၊ ဘာဖြစ် လို့ လဲဆိုတော့ ဒီကရင်ပြည်ကိစ္စဟာ တိုင်းပြုပြည်ပြုလွှတ်တော်မှာရှိတဲ့ အမတ်ဦးရေရဲ့ သုံးပုံနှစ်ပုံထောက်ခံမှ ရမှာဖြစ် တယ်။ ဒီတော့ ဘယ်နည်းနဲ့မှမရနိုင်ဘူး။ ဗမာတွေကတော့ အပြတ်အသတ် ကန့်ကွက်မှာပဲ။ လူမျိုးစုအချင်းချင်းကလဲ ဗမာ ကစည်းရုံးထားတော့ လက်ခံချင်မှလက်ခံမယ်။ ဒီတော့ ကရင်ပြည်အရေးဟာ ပါလီမန်နည်းနဲ့မရနိုင်ဘူးဆိုတာတွေ့လာ တယ်။ အဲဒီမှာ ဆက်လက်တိုက်ပွဲဝင်တာပေါ့။ တိုင်းပြည်အုပ်ချုပ်ပုံအခြေဥပဒေကို(၁၉၄၇) ခုနှစ် အကုန်လောက်မှာ ရေးဆွဲ ပြဌာန်းပြီးဖြစ်တယ်။ ပြီးတော့ ဗြိတိသျှကရော၊ ဖဆပလ ကပါအတည်ပြုလိုက်တယ်။ အတည်ပြုပြီးတော့၁၉၄၈ ခုနှစ်၊ ဇန်နာဝါရီ (၄)ရက်၊ နေ့ကို လွတ်လပ်ရေးနေ့လို့ သတ်မှတ်လိုက်တယ်။ လွတ်လပ်ရေးနေ့လို့ သတ်မှတ်လိုက်တဲ့အခါ ကရင် တွေက ဘာလုပ်လာသလဲဆိုရင် ငါတို့တော့ ဗမာကျွန်ဖြစ်ပြီး။ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ ဗမာတွေရဲ့ ကျွန်ခံရ တော့မယ်၊ ဒါကြောင့် အနှိမ်တော့မခံနိုင်ဘူး။ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်မယ်။

ငါတို့ဘာလုပ်ကြမလဲလို့ ကေအဲန်ယူအဖွဲ့အစည်းက စဉ်းစားကြတယ်။ ဒီလိုဆိုရင် တို့ (၁၉၄၈) ခုနှစ်၊ ဇန်န၀ါရီလ (၅)ရက်နေ့ ဟာ တို့ကရင်တွေရဲ့လွတ်လပ်တဲ့လူမျိုးတမျိုးအဖြစ် ခံယူကြောင်း ကြေညာချက်ထုတ်ပြီး ဆန္ဒပြကြမယ်။ အဲဒီနေ့မှာ ကရင် တမျိုးသားလုံး ဆန္ဒပြကြတယ်။

တိုက်ပွဲဟာ တော်တော်ကျယ်ပြန့်သွားတယ်။ ကရင်တိုက်ပွဲတွေ ကျယ်ပြန့်လာတော့ ဖဆပလဟာ ဆာဘဦးဆောင်တဲ့ လူ မျိုးစုအရေးနဲ့ပတ်သက်ပြီး စုံစမ်းရေးကော်မရှင်ဖွဲ့လာတယ်။ ဒီအဖွဲ့ဖွဲ့လာတော့ ကေအဲန်ယူက ကရင်တမျိုးသားလုံးကို စည်း ရုံးလှုံ့ဆော်ပြီး တပြည်လုံးအတိုင်းအတာရှိတဲ့ ကရင်လူထုဆန္ဒပြပွဲကို ဖေဖေါ်ဝါရီ (၁၁)နေ့မှာ ကျင်းပတယ်။ အဲဒီိဆန္ဒပြပွဲမှာ

(၁) ကရင်ပြည်ချက်ချင်းပေး။
(၂) ကရင်တကျပ် ဗမာတစ်ကျပ် ချက်ချင်းပြ။
(၃) လူမျိုးရေး အဓိကရုဏ်း အလိုမရှိ။
(၄) ပြည်တွင်းစစ် အလိုမရှိ၊ ဆိုတဲ့ကြွေးကြော်သံတွေနဲ့ ဆန္ဒပြတယ်။

အမျိုးသားလွတ်မြောက်ရေး၊
ဒီမိုကရေစီရေး၊
လူမျိုးစုံသွေးစည်းချစ်ကြည်ရေးနဲ့၊
ငြိမ်းချမ်းရေးအဓိပ္ပါယ်ဆောင်တဲ့ အကြမ်းမဖက်တဲ့နည်းနဲ့ ငြိမ်းချမ်းစွာ စည်းကမ်းတကျ အသံတိတ်ဆန္ဒပြကြတယ်။

ဒီဆန္ဒပြပွဲဟာ အတော်ကြီးကျယ်၊ ကျယ်ပြန့်ပြီး တမျိုးသားလုံးအုံကြွနေတော့ ဖဆပလအစိုးရက ဆန့်ကျင်ဘို့ တန်ပြန်လှုပ် ရှားမှုတွေလုပ်လာတယ်။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာ ကရင့်ရေးရာဌာနတခုဖွဲ့တယ်။ အဲဒီကရင်ရေးရာဝန်ကြီးအဖြစ် စံဖိုးသင်ကို ခန့်တယ်။ ကရင်တွေနေထိုင်ခဲ့တဲ့ခရိုင်တွေ၊ မြို့တွေမှာ ကရင်ရေးရာရှိတွေခန့်တယ်။

ဖဆပလက ဒီကရင့်ရေးရာအရာရှိတွေကို ဆင့်ခေါ်ပြီး ကရင်လူထုဆန္ဒပြပွဲကို ဆန့်ကျင်တဲ့အစည်းအဝေးတရပ်ကို ၁၉၄၈ ခု နှစ်၊ မတ်လ (၃)ရက်နေ့မှာ ကျင်းပတယ်။ ဒါကို ကေအဲန်ယူကသိတော့ ညီလာခံတရပ်ကို မတ်လ(၃)ရက်နေ့မှာပဲ ကျင်းပ တယ်။ ဒီလို နှစ်ဖွဲ့ကစည်းဝေးကျင်းပနေတော့ ဖဆပလက ကေအဲန်ယူခေါင်းဆောင်တွေကို ခေါ်ယူတွေ့ဆုံတယ်။

ဖဆပလ ဘက်မှာ ဦးနုကခေါင်းဆောင်ပြီး
ဗိုလ်လင်္ကျာ
ဗိုလ်ဖိုးကွန်း
ဦးကျော်ငြိမ်းတို့တက်ရောက်တယ်။
ကေအဲန်ယူ ဘက်မှ
စောဘဦးကြီး
စောသာဒင်
စောဘဲလေ
သရာသာထို
မန်းဂျိမ်းစ်ထွန်းအောင် တို့တက်ရောက်တယ်။ အဲဒီလိုတွေ့ဆုံရာမှာ ဦးနုကဘာပြောလဲဆိုတော့-

“ကျွန်တော်တို့ ကရင်နဲ့ ဗမာလူမျိုးရေးအဓိကရုဏ်းဖြစ်တယ်ဆိုရင် ဥရှစ်သီးနှစ်လုံးထုသလိုပဲ။ ထုတဲ့အလုံးလဲ ကွဲမယ်။ ခံရ တဲ့အလုံးလဲကွဲမယ်။ ဒါတွေမဖြစ်သင့်ဘူး။ ခင်ဗျားတို့ ကရင်ပြည်လိုချင်ရင် ဥပဒေအတွင်းမှာဝင်ပါ။ ဥပဒေအကြောင်းအရ ခင် ဗျားတို့တောင်းဆိုပါ” လို့ ပြောလာတယ်။

လွတ်တော်မှာ ဥပဒေအကြောင်းအရ ဘယ်နည်းနဲ့မှ ကရင်ပြည်တောင်းလို့မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံရေးဆွဲထားကတည်းက ဗမာအများစုဖြစ်နေလို့ပဲ။ ဒီအချိန်က အမဖြစ်နေတဲ့ ဗမာတွေဟာ လူမျိုးစုံသွေးစည်းချစ် ကြည်ရေးစိတ်ဓါတ်၊ ပြည်ထောင်စုစိတ်ဓါတ် မရှိကြလို့ပဲ။

ဒီတော့ ဥက္ကဌကြီးက ပြန်တင်တယ်။

ကျွန်တော်တို့ ဥပဒေပြုလွတ်တော်မှာတော့ ကရင်ပြည်မရနိုင်ဘူး။ ဒါကြောင့် သီးသန့်အထူးဆောင်ရွက်ပေးဘို့ပြောရင်းနဲ့ ပဋိ ပက္ခပိုဖြစ်လာတယ်။ ဒီတော့ ၀န်ကြီးချုပ် ဦးနုက ဘာပြောလဲဆိုတော့
“ခင်ဗျာတို့ ကရင်ပြည်လိုချင်ရင် တိုက်ယူပေါ့ဗျာ၊ ဒါပဲ ကျွန်တော်တို့ တတ်နိုင်တယ်” လို့ပြောပြီး စည်းဝေးပွဲရပ်သွားတယ်။

ဦးနုပြောလိုက်တဲ့--ကရင်ပြည်လိုချင်ရင် တိုက်ယူဆိုတဲ့စကားအရ ဗမာကတော့ ကရင်ပြည်ကို မပေးဘူး။ ချချင်ချဆိုတဲ့သ ဘောပဲ။ ဒီတော့ကေအဲန်ယူခေါင်းဆောင်တွေ အစည်းအဝေးပြန်ထိုင်ပြီး ညီလာခံကိုယ်စားလှယ်တွေက ကရင်ပြည်တိုက်ယူ မယ်ဆိုပြီး တိုက်ဘို့ဆုံးဖြတ်လိုက်တယ်။

ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအကြောင်းအရ ကရင်ပြည်ဘယ်နည်းနဲ့မှ မရနိုင်ဘူး။ ဗကပ၊ ဆိုရှယ်လစ်နဲ့ ပြည်သူ့ရဲဘော် တွေ သူတို့ခါးပိုက်ဆောင်တပ်တွေ ဖွဲ့ထားကြတယ်။ တနေ့ ပဋိပက္ခတွေ အမြင့်ဆုံးအဆင့် ရောက်လာနိုင်တယ်လို့ တွက်ထား တယ်။

ကရင်အမျိုးသားလွတ်လပ်ရေး၊ ကရင်အမျိုးသားတည်တန့်ရေး၊ ကရင်အမျိုးသားများရဲ့အသက်နဲ့ စည်းစိန်ဥစ္စာများကာကွယ် ရန် ကေအဲန်ယူခေါင်းဆောင်သည့် ညီလာခံမှ အတည်ပြုသည့် လက်နက်ကိုင်တပ်ရှိနေရမည်ဟု (၁၉၄၇) မှာကျင်းပသည့် ညီလာခံမှ အတည်ပြုဆုံးဖြတ်သည်။

ထိုကြောင့် ကေအဲန်ဒီအို (ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့) K.N.D.O (Karen National Defence Organization)ကို ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ (၁၆)ရက်နေ့မှာ အောင်မြင်စွာ ဖွဲ့စည်းလိုက်တယ်။

လက်နက်ပုန်းတွေကို အရေးပေါ်အသုံးပြုဘို့အတွက် ဒုတိယကမ္ဘာစစ်အတွင်း တပ်ဆင်ထားတဲ့သေနတ်တွေနဲ့ ဒီတပ်ဖွဲ့ကို လက်နက်တပ်ဆင်တယ်။ ဒီတပ်ဖွဲ့ကို ဗဟိုနဲ့ခရိုင်အလိုက်ဖွဲ့စည်းတယ်။

ဗဟိုမှာ-
(၁) မန်းဘဇန် စစ်ဦးစီးဗိုလ်ချုပ်
(၂) စောဟံတာသာမွေး စစ်ဆင်ရေးမှူး
(၃) စောစန်းကေ စစ်ဆင်ရေးမှူး
(၄) စကောမောလေး လေ့ကျင်းရေးမှူး

ဒီလိုကေအဲန်ဒီအိုတပ်ဖွဲ့ကို ကျေးရွာတွေမှာအခြေခံပြီး ဖွဲ့စည်းတယ်။ အဲဒီနောက် ခရိုင်တာဝန်ခံတွေကို ရွေးကောက်တင် မြှောက်တယ်။ ခရိုင်တာဝန်ခံတွေကတော့--
(၁) ဆရာစံထွန်း ပုသိမ်၊ (၂) ဗိုလ်ဆော့ ဟင်္သာတ၊
(၃) စောဘကျော် မြောင်းမြ (၄) ထီးကစာ(ထွန်းလှအောင်) မအူပင်၊
(၅) ဆရာဧမောင် ဖျာပုံ၊ (၆) ဗိုလ်အောင်မင်း ဟံသာဝတီ၊
(၇) ဗိုလ်ရွှေပြား သာယာဝတီ၊ (၈) စကောမောလေး အင်းစိန်၊
(၉) စောဝင်းမောင် ရန်ကုန်၊ (၁၀)စောအောင်စိန် ညောင်လေးပင်၊
(၁၁)စောမီးဒရာ တောင်ငူ၊ (၁၂)ဗိုလ်မောင်ညွန့် သထုံ၊
(၁၃)ဗိုလ်စံမောင် ဖားအံ၊ (၁၄)စောတကယ် မော်လမြိုင်၊
(၁၅)နဲလ်ဆင်ကဲ ဘိတ်၊ ထားဝယ်(၁၆)ဗိုလ်စိန်ဝင်း မေမြို့၊
(၁၇)စောဝီးဒါ တောင်ကြီး၊ (၁၈)စောဝေးလ်ကေ ဖါပွန်၊
(၁၉)ဗိုလ်ပန်းကိုင် ပြည်၊ (၂၀)ထောပလို ကရင်ပြည်၊

အထက်ပါ ခေါင်းဆောင်များဖြင့် ဖွဲ့စည်းစဉ် လက်နက်ကိုင်တပ်သား တသောင်းကျော်ရှိသည်။ စစ်တပ်ထဲ၌ရှိသော ကရင် လက်နက်ကိုင်တပ်ရင်းများ၊ အမြောက်တပ်၊ ဆက်သွယ်ရေးတပ်၊ အခြားတပ်ဆွယ်များနှင့် ဖွဲ့စည်းသည်။ လေတပ်၊ ရေတပ် များ မပါဝင်သေးပေ။

ဥက္ကဌကြီးမန်းဘဇန်မှ ဆက်လက်ပြောဆိုရာတွင် ဦးနုက ကရင်ပြည်လိုချင်ရင်တိုက်ယူဆိုတော့ ကရင်ပြည်ရယူဘို့ အခြား နည်းလမ်းမရှိတော့ဘူး။ တဖက်ကလည်း
-ကရင်ပြည်ရယူရေး၊
-ကရင်အမျိုးသားအကျိုးစီးပွားများကာကွယ်ရေး၊
-ကရင်အမျိုးသားတည်တန့်ရေးအတွက် ကေအဲန်ယူရဲ့ ခေါင်းဆောင်မှုအောက်တွင်ရှိသည်။ ကေအဲန်ဒီအိုတပ်များသည် လည်း တိုက်ပွဲဝင်ရန် အဆင့်သင့်ဖြစ်နေပြီးဖြစ်သည်။ ကရင်လူထုများသည်လည်း တက်ကြွနေကြသည်။(၄၈) ခုနှစ်ဖေဖေါ်ဝါ ရီ(၁၁)ရက်နေ့တွင် ကေအဲန်ဒီအို စည်းရုံးလှုပ်ရှားမှုသည် အထွတ်အထိပ်ရောက်ပြီး အခြားရွေးစရာလမ်းမရှိတော့ သဖြင့်--

(၁၉၄၉)ခုနှစ်၊ ဇန်န၀ါရီ (၃၁)ရက်နေ့မှာ မြင့်မြတ်တရားတဲ့ လက်နက်ကိုင်တိုက်ပွဲကြီး စတင်ဖြစ်ပေါ်လာတော့သည်။

ပြဿနာတရပ်အား ပြည်ထောင်စုညီအစ်ကိုချင်းဖြစ်ပွားတဲ့ပြဿနာအား၊ ငြိမ်းချမ်းစွာတွေ့ဆုံဆွေးနွေးသောနည်း၊ စိတ်ရှည် ၍ အပြန်အလှန်နားလည်မှုရှိစွာဖြင့် ပြည်ထောင်စုစိတ်ဓါတ်နှင့် လူ့အခွင့်အရေးအပြည့်အ၀ရှိစွာဖြင့် စာနာထောက်ထားသော စိတ်ဓါတ်များဖြင့် ဖြေရှင်းပါက ထုသောဥသျှစ်သီးနှင့် ခံရသောဥသျှစ်သီးပါကွဲကြမည်မဟုတ်ပေ။ သေကျေ၊ မီးလောင်ပျက်စီး ကြမည်မဟုတ်ပေ။ ဖွံ့ဖြိုးမှုအနည်းဆုံးတိုင်းပြည် ဖြစ်လိမ့်မည်မဟုတ်ပေ။ အရိုးတောင်လိုပုံ၊ မျက်ရည်အိုင်ထွန်း၊ သွေးပင် လယ်ဝေကြမည်မဟုတ်ပေ။ စိတ်ရှည်လက်ရှည် စာနာစိတ်ဖြင့် ပြဿနာများကို ဖြေရှင်းပါက ပြည်တွင်းစစ်နှစ်ပေါင်း (၄၀) ကျော်ခဲ့မည်မဟုတ်ပေ။

လူလူချင်းသွေးစုတ်မှုရှိလျှင်၊ လူမျိုးချင်းကျွန်ပြုမှုရှိလျှင်၊ စစ်သည်ရှိနေဦးမယ်။ လူသားများသေကျေကြဦးမည်။ ထိုကြောင့် ပြည်ထောင်စု အဓွန့်ရှည်စွာ တည်တံ့ခိုင်မြဲရေး၊ လူမျိုးစုံသွေးစည်းချစ်ကြည်ရေး၊ နိုင်ငံတော်သာယာဝပြောရေးအတွက်၊ အင်း စိန်တိုက်ပွဲမှ စတင်လောင်ကျွမ်းခဲ့သော ဤပြည်တွင်းစစ်မီးကို ၀ိုင်းဝန်းငြိမ်းသတ်ကြပါရန် ပန်ကြားအပ်ပါသည်။

၁၉၉၃ခုနှစ်၊ ကေအဲန်ဒီအို စစ်ဦးစီးဌာနချုပ်နှင့်
တပ်ရင်းများ
(၁) ဗိုလ်မှူးချုပ်ကျော်သောင်း ကေအဲန်ဒီအို ဗိုလ်ချုပ်၊ ဦးစီးချုပ်၊
(၂) ဗိုလ်မှူးကြီး ထူးထူးလေး ဒုတိယဦးစီးချုပ်၊
(၃) ဒုတိယဗိုလ်မှူးကြီးဆာဘလယ်မှူး စစ်ရေးချုပ်၊
(၄) ဗိုလ်မှူးဂျိုးပလာဘော စစ်ဦးစီးချုပ်(စစ်ထောက်ချုပ်)


ကေအဲန်ဒီအို တပ်ရင်းများ

၁။ ဒုတိယဗိုလ်မှူးကြီး စောမောင်ဝါး တပ်ရင်း(၁)၊ ရင်းမှူး ဖါပွန်ခရိုင်၊
၂၊ ဒုတိယဗိုလ်မှူးကြီး ယွါဟစ် တပ်ရင်း(၂)၊ ရင်းမှူး သထံခရိုင်၊
၃။ ဒုတိယဗိုလ်မှူးကြီး အယ်ကလူ တပ်ရင်း(၃)၊ ရင်းမှူး ညောင်လေးပင်ခရိုင်၊
၎။ ဒုတိယဗိုလ်မှူးကြီး ငယ်ဒူး တပ်ရင်း(၄)၊ ရင်းမှူး တောင်ငူခရိုင်၊
၅။ ဒုတိယဗိုလ်မှူးကြီး ဆဲထီ တပ်ရင်း(၅)၊ ရင်းမှူး ဖားအံခရိုင်၊
၆။ ဒုတိယဗိုလ်မှူးကြီး ကျော်ဖေ တပ်ရင်း(၆)၊ ရင်းမှူး ဒူးပလာယာခရိုင်၊
၇။ ဒုတိယဗိုလ်မှူးကြီး မန်းဘော်ဒွင်ဇန် တပ်ရင်း (၇)၊ တပ်မှူး ဘိတ်၊ ထားဝယ်ခရိုင်။

အပိုဒ်(၂)
ဥက္ကဌကြီးမန်းဘဇန်နှင့် အင်းစိန်တိုက်ပွဲ
ကရင့်တော်လှန်ရေး လက်နက်ကိုင်တိုက်ပွဲမဖြစ်မီ K.N.U ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်းများမှာ စောဘဦးကြီး၊ စောပု၊ ဆ ရာသာထို၊ မန်းဂျိမ်းစ်ထွန်းအောင်၊ မန်းဘခင်၊ မန်းဘဇန်၊ စောသာဒင်၊ စောဟံတာသာမွေး၊ စောဆိုင်းကေ၊ စောအောင်ဝေး၊ စကောမောလေး၊ ဦးဇံ။ စောဘယ်လီ၊ မစ္စလူနီတို့ဖြစ်ပေသည်။ ယင်းဗဟိုအလုပ်အမှုဆောင်များမှာ လက်နက်ကိုင်တိုက်ပွဲ စ တင်ဖြစ်လာသောအခါ တကွဲတပြားစီဖြစ်သွားသည်။ စောဦးကြီး၊ မန်းဂျိမ်းထွန်းအောင်၊ မန်းသာဇန်၊ စောစိုင်းကေ၊ စကော မောလေး၊ ဦးဇံ၊ စေဘယ်လီတို့မှာ အင်းစိန်မြို့တွင် ရှိနေကြသည်။ ဆရာသာထိုသည် အလုံစမ်းချောင်းတွင်ရှိနေပြီး အဖမ်းခံ ရမည်။ စောသာဒင်သည်လည်း မော်လမြိုင်မြို့တွင် စောဖိုးချစ်နှင့်အတူ အဖမ်းခံရသည်။ စောဟံတာမွေးသည် မအူပင်မြို့ တွင်ရှိနေသည်။ စောပုသည် မြောင်းမြတွင်ရှိနေပြီး ဖဆပလ အစိုးရနှင့် စေ့စပ်ရေးလုပ်ပြီး ပူးပေါင်းသွားသည်။

ကရင်လက်နက်ကိုင် တိုက်ပွဲဖြစ်လာသောအခါ အပြင်းအထန်ဆုံးတိုက်ပွဲများတွင် အင်းစိန်တိုက်ပွဲနှင့် ညောင်လေးပင်တိုက် ပွဲတို့ဖြစ်သည်။ အင်းစိန်မြို့နှင့်ညောင်လေးပင်မြို့ကို သိမ်းယူနိုင်ခဲ့သည်။ အင်းစိန်တိုက်ပွဲမဖြစ်မီ အင်းစိန်၊ သမိုင်း၊ ကြို့ကုန်း ဘက်တွင် ပူးပေါင်းထားသော ကေအဲန်ဒီအိုများနှင့် ဗိုလ်ကြီးသာအေးကျော်ဦးစီးသော U.M.P တပ်ဖွဲ့တို့၏ အင်အားမှာ နှစ် ရာကျော်ရှိသည်။

ထိုအချိန်က အင်းစိန်မြို့နှင့် သမိုင်းလမ်းဆုံးတွင် ဖဆပလ တပ်ဖွဲ့များ နှစ်ထောင်ကျော်ခန့်ချထားသည်။ ၎င်းတို့သည် အင်း စိန်နှင့်သမိုင်းတို့ရှိ ကရင်များ၏လက်နက်ကို သိမ်းယူရန်အတွက် တပ်ချထားခြင်းဖြစ်သည်။ မင်္ဂလာဒုံဘက်တွင် ဗမာ့တပ်မ တော်အမြောက်တပ်မှ ဗိုလ်မှူးအောင်စိန်ဦးစီးသော ကရင်လက်နက်ကိုင်တပ်ခွဲနှစ်ခွဲရှိသည်။ ထို့အပြင် ဗမာ့တပ်မတော် အ ချက်ပြဆက်သွယ်ရေးဌာနမှ ကရင်တပ်သားများလည်းရှိသည်။ ၁၉၄၉ ခုနှစ်၊ ဇန်နာဝါရီ (၃၁)ရက်နေ့မတိုင်မီ ရိက္ခာထုတ်ယူ ရန်အတွက် ကရင့်ရိုင်ဖယ်တပ်ရင်း(၂)မှ တပ်စုတစုသည် သမိုင်းရပ်ကွက်သို့ ရောက်ရှိလာခဲ့သည်။

၁၉၄၉ခုနှစ်၊ ဇန်န၀ါရီလ (၃၁)ရက်နေ့ နံက် (၆)နာရီအချိန်တွင် သမိုင်းလမ်းဆုံမှ ဖဆပလတပ်သည် သမိုင်းခ၀ဲခြံကို စတင် တိုက်ခိုက်တော့သည်။ ထိုအချိန်မှစတင်ပြီး အင်းစိန်တိုက်ပွဲဖြစ်လာသည်။ ထိုနေ့က တိုက်လာသောရန်သူကို ခ၀ဲခြံမှ K.N.D.O တပ်များမှ ခုခံတိုက်ခိုက်ရာ ရန်သူများအထိနာပြီး ပြန်လည်ဆုတ်ခွာရသည်။ ရန်သူများမှ သမိုင်း၊ အင်းစိန်ရပ် ကွက်များကို တိုက်လာသည့်ဟု သတင်းရသောအခါ မင်္ဂလာဒုံရှိ ဗိုလ်မှူးအောင်စိန်ဦးစီးသော အမြောက်တပ် တတပ်လုံး အင်းစိန်မြို့သို့ရောက်ရှိလာပြီး K.N.D.O တပ်များနှင့် ပူးပေါင်းတိုက်ပွဲဝင်သည်။ ထိုနေ့ညနေတွင် ယင်းအမြောက်တပ် K.N.D.O များနှင့်ပေါင်း၍ မင်္ဂလာဒုံရှိ လက်နက်တိုက်များကို သွားရောက်ဖောက်ယူကြသည်။ လက်နက်နှင့်ခဲယမ်းမီး ကျောက် အတော်များများရရှိသည်။ ၎င်းတပ်နှင့်အတူ မင်္ဂလာဒုံရှိ အချက်ပြဆက်သွယ်ရေးတပ်မှ ကရင်တပ်မှူး၊ တပ်သား များလည်း ထိုအမြောက်တပ်နှင့်အတူပူးပေါင်းပြီး အင်းစိန်သို့ပြန်လာကြသည်။ ရန်သူမှာ ခ၀ဲခြံသို့လာရောက်၍ တိုက်ခိုက် သဖြင့် ခ၀ဲခြံနှင့်သမိုင်းရှိ အရပ်သူ အရပ်သားများသည် အင်းစိန်သို့ပြောင်းရွေ့လာကြသည်။ အင်းစိန်ကို မတိုင်မီ ရန်ကုန်တ က္ကသိုလ်မှာ ကရင်ကျောင်းသူ/သားများသည် အင်းစိန်သို့ပြောင်းရွေ့လာကြသည်။ မင်္ဂလာဒုံကို တိုက်ခိုက်စီးနင်းပြီး သိမ်းယူရရှိသောလက်နက်များကို ရန်ကုန်တက္ကသိုလ်ကျောင်းသားများ၊ အင်းစိန်ရှိ ကျမ်းစာကျောင်းသားများနှင့် အရပ်သူ၊ အရပ်သားများကို တပ်ဆင်ပေးသည်။ ထိုအချိန်တွင် အင်းစိန်ကရင်လက်နက်ကိုင်အင်အား တထောင်နီးပါးမျှ ရှိလာသည်။

အင်းစိန်သို့ သမိုင်းမှအရပ်သူအရပ်သားများ ပြောင်းရွေ့လာခြင်းနှင့် အင်းစိန်ရှိကရင်ရပ်ကွက်များတွင် လူဦးရေများပြားလာ ခြင်းကြောင့် ရိက္ခအခက်အခဲနှင့်ကြုံတွေ့လာရသည်။ ရိက္ခရနိုင်ရေးမှာ အင်းစိန်မြို့ကို သိမ်းယူနိုင်မှ ရနိုင်ပေမည်။ အင်းစိန်မြို့ တွင်လည်း ရန်သူလက်နက်ကိုင်အင်အား နှစ်ထောင်ရှိသည်။ ၎င်းတို့သည် အင်းစိန်ရှိ ကရင်များကို တိုက်ခိုက်ရန်ဖြစ်သည်။ ရိက္ခာရရှိရန်အတွက် အင်းစိန်ကို တိုက်ခိုက်သိမ်းယူရန် စီစဉ်ရတော့သည်။ ဖေဖေါ်ဝါရီလ (၁)ရက်နေ့၊ နံက်(၅)နာရီမှ စတင် တိုက်ခိုက်ရန် စီစဉ်ပြီးနောက် အင်းစိန်ရှိခေါင်းဆောင်များ၊ တရားဟောဆရာများ၊ လုပ်ကြီးများသည် စုဝေးဆုတောင်းပွဲပြု လုပ်ကြသည်။ (၁)ရက်နေ့၊ နံက်(၅)နာရီတွင် အစီအစဉ်အရ အမြောက်တပ်သားများသည် ဗိုလ်မှူးအောင်စိန်ဦးစီး၍ ရန်သူ တပ်ခါးလယ်ကိုဖြတ်ဝင်လာချိန် ရန်သူတပ်နောက်ကျောမှနေ၍ စတင်တိုက်ခိုက်သည်။

တချိန်တည်းတွင် အင်းစိန်ရှိ အခြားလက်နက်ကိုင်တပ်များက ရန်သူအား ထိပ်တိုက်အလစ်အငိုက်ဖြင့် ညှပ်ညှပ်ပိတ်အတိုက် ခံရသော ရန်သူများမှာ ထွက်ပြေးသူပြေး၊ သေကျေဒဏ်ရာရသူရဖြင့် ချေမှုန်းခြင်းခံရသည်။ အင်းစိန်ဈေးကြီးမှာလည်း မီး လောင်သွားသည်။ နံနက်(၈)နာရီချိန်တွင် ရန်သူများရှင်းသွားပြီး တိုက်ပွဲပြီးဆုံးသွားသည်။ အင်းစိန်မြို့ကိုလည်း သိမ်းယူရရှိ လိုက်သည်။ အင်းစိန်မြို့ကို သိမ်းယူရရှိလိုက်သဖြင့် အင်းစိန်ကမ်းနားတွင်ရှိသော ဆန်စက်(၈)လုံးနှင့် ဆန်ဂိုဒေါင် (၁၀)လုံး ကိုလည်း သိမ်းယူနိုင်ခဲ့သည်။ ဆန်ဂိုဒေါင် (၁)လုံးတွင် ဆန်အိတ်(၅)သောင်းကျော်နှင့်ဘိုကိတ်ပဲများရှိသည်။ ယင်းဆန်ဂို ဒေါင်များရရှိလက်သဖြင့် အင်းစိန်ရှိလက်နက်ကိုင်များနှင့် အရပ်သူ၊ အရပ်သားများလည်း လအတော်များများသုံးစွဲနိုင်ခဲ့ သည်။ ရိက္ခာများ များစွာရလိုက်သည်။ ရန်သူများကို ခုခံတိုက်ခိုက်ရန်အတွက် အင်းစိန်မြို့ကို ကျွန်ုပ်တို့ရလိုက်သည်နှင့်တ ပြိုက်နက် ရန်ကုန်မြို့သည် ၀ိုင်းထားခြင်းခံရသော မြို့ဖြစ်သည်။ ¾

ထိုအချိန်က တွံတေးမြို့အား ကျွန်တော်တို့တပ်များက သိမ်းယူထားသည်။ ယခုလည်းအင်းစိန်မြို့ကို သိမ်းယူရရှိလိုက်သဖြင့် ရန်ကုန်မြို့နှင့်ဆက်သွယ်လျက်ရှိသော ကုန်းလမ်း၊ ရေလမ်းများပြတ်တောက်သွားသည်။ ဖဆပလ အစိုးရမှာလည်း ပြင်ပနှင့် အဆက်အသွယ်ပြတ်တောက်သွားသဖြင့် (၇)မိုင်ပတ်လည် အစိုးရဟူ၍ ခေါ်ဆိုခြင်းခံလာရသည်။ ရန်သူများမှာ အင်းစိန်ကို တိုက်ခိုက်လာသည့်နှင့်တပတ်လောက်အကြာတွင် သထုံဘက်မှ ဗိုလ်မောင်ညွန့်ဦးစီးသော လက်နက်ကိုင်တပ်သား နှစ်ရာ ခန့် ပူးပေါင်းထားသည့် ကရင်နှင့်မွန်လက်နက်ကိုင်တပ်များ စစ်ကူအဖြစ် အင်းစိန်မြို့သို့ ရောက်ရှိလာသည်။ အင်းစိန်မြို့တွင် ကရင့်လက်နက်ကိုင်အင်အား တစ်ထောင်ငါးရာကျော်ခန့်ရှိလာသည်။

ကျွန်ုပ်တို့ အင်းစိန်စစ်မျက်နှာတွင် ၁၉၄၉ ခုနှစ်၊ ဇန်န၀ါရီလ (၃၁)ရက်နေ့မှ မေလ(၂၁)ရက်နေ့အထိ ရက်ပေါင်း(၁၁၁)ရက် ကြာမျှ ခုခံတိုက်ခိုက်ခဲ့သည်။ ယင်းကာလများအတွင်း ရန်သူဘက်မှလည်း နယ်မှစစ်ကူများခေါ်ယူကာ အင်းစိန်မြို့ကို တိုက် ခိုက်သိမ်းယူသည်။ တိုက်ပွဲကြီးငယ်များ နေ့စဉ်လိုပင် ဖြစ်ပွားလျက်ရှိသည်။ ရန်သူများမှာ ချင်း(သနက) တပ်ရင်း(၁)၊ ဘား မားရိုင်ဖယ် တပ်ရင်း(၅)အပြင်၊ U.M.P တပ်များ၊ လဲဗီးတပ်များ (LEVY)၊ ရန်ကုန်တက္ကသိုလ် အပျော်တန်းတပ်များ စသည် တို့ဖြစ်၎င်း၊ တိုက်လေယာဉ်များ၊ စစ်ရေယာဉ်များ၊ သံချပ်ကာယန္တယားတပ်များ၊ အမြောက်တပ်များတို့ဖြင့် တိုက်ခိုက်သည်။ ကျွန်ုပ်တို့သည် အင်းစိန်တွင် ရက်ပေါင်း (၁၁၁)ရက်ကြာခုခံတိုက်ခိုက်ပြီးနောက် ဆုတ်ခွါပေးလိုက်သည်။ အင်းစိန်တိုက်ပွဲ တွင် ရန်သူဘက်မှ သေဆုံးသူနှင့် ဒါဏ်ရာရရှိသူပေါင်း ငါးထောင်ကျော်ရှိသည်။ ကျွန်တော်တို့ဘက်မှ သေဆုံးသူလက်နက် ကိုင်နှင့် အရပ်သူစုစုပေါင်း တစ်ရာ့ရှစ်ဆယ်ခန့်နှင့် ဒါဏ်ရာရရှိသူပေါင်း ရှစ်ရာကျော်ရှိသည်။

အင်းစိန်းတိုက်ပွဲမှာ ကြုံတွေ့ရသောအတွေ့အကြုံများ

အင်းစိန်တိုက်ပွဲမှ ကြုံတွေ့ရသော အတွေ့အကြုံများမှာ အောက်ပါအတိုင်းဖြစ်သည်။

အစပိုင်းတွင် ကျွန်တို့သည် ကျွန်ုပ်တို့ထက် အဆမတန်အားကြီးသော ရန်သူများကို တိုက်ခိုက်ရသည်။ ရန်သူ၏အင်အားမှာ ကျွန်တော်တို့၏ လက်နက်ကိုင် အင်အားများကို ချေမှုန်းပစ်နိုင်သည့် အင်အားဖြစ်ပေသည်။ ကျွန်ုပ်တို့၏ ယုံကြည်မှုအရ ကျွန်တော်တို့နှင့်အတူဘုရားသခင်ရှိပေသည်။ အင်းစိန်တိုက်ပွဲသည် ရန်သူမှထိုးစစ်ဖြစ်ပြီ ကျွန်တော်တို့မှ ခံစစ်ဖြစ်နေသည်။ ကျွန်တော်တို့မှာ အ၀ိုင်းခံထားရသည်။ ရန်သူအဖို့မှာ လွယ်ကူစွာဖြင့် စစ်ကူများ၊ ရိက္ခာနှင့်ခဲယမ်းမီးကျောက်များ၊ သယ်ယူ ပို့ဆောင်နိုင်သည်။ တိုက်ခိုက်လာသော ရန်သူများကို အကျအဆုံးများစွာဖြင့် ကျွန်တော်တို့မှာ ခုခံတိုက်ခိုက်နိုင်သည်။ တိုက် ပွဲတိုင်းတွင် ရန်သူဘက်မှ ကျည်ဆံအမြောက်အမြားသုံးစွဲပြီး တိုက်ခိုက်သည်။ ကျွန်တော်တို့ဘက်မှ ကျည်ဆံအနည်းငယ် လောက်သာလျှင် အသုံးပြုနိုင်သည်။

တိုက်ပွဲများမှာ အနီးကပ်တိုက်ပွဲဖြစ်သည်။ စစ်ရေးအရကြည့်ပါက ကျွန်ုပ်တို့ဘက်မှ ရန်သူကို အထိနာစွာ တိုက်နိုင်သည်။ အ ကယ်၍သာ ရန်သူမှာ အင်းစိန်မြို့ကို ပြန်လည်တိုက်ခိုက်သိမ်းယူနိုင်ပါက အင်းစိန်မြို့ရှိ ကရင်များ၏ကံကြမ္မာမှာမပြောဝံ့ လောက်အောင် ဆိုးရွားမည်ဖြစ်ပေသည်။ ဘုရင်သခင်သည်တဖက်မှ ကျွန်ုပ်တို့ဖက်တွေရှိနေသဖြင့် ဆိုးရွားသောကံကြမ္မာ မကျရောက်ခဲ့ပေ။ အင်းစိန်ကို စတိုက်ပြီးနောက် ကရင်အမြောက်တပ်သားများသည် စစ်ကူအဖြစ်ရရှိလာသည်။ အကယ်၍ သာ ယင်းတပ်များအချိန်မှီမရောက်လာပါက ကရင်များ၏အခြေအနေသည် အဆိုးဘက်သို့ တမျိုးတမည်ပြောင်းလဲသွားမည် ဖြစ်သည်။

ရန်သူများတိုက်ခိုက်မှုကြောင့် သမိုင်းကြို့ကုန်းဘက်မှ အရပ်သူ၊ အရပ်သားအားလုံးသည် အင်းစိန်သို့ပြောင်းရွေ့လာသည်။ ကြီးမားသော ရိက္ခာအကြပ်အတည်းများကြုံတွေ့လာသည်။ အကယ်၍ အင်းစိန်မြို့ကို သိမ်းယူမရရှိပါက ကြီးမားသောရိက္ခာ အခက်အခဲနှင့် ကြုံတွေ့ရပြီး အခြေအနေတမျိုးပြောင်းလဲသွားနိုင်သည်။ ရန်သူများ၏ ထင်သလိုပြုကျင့်ခြင်းခံကြရပေမည်။ အင်းစိန်မြို့ကို သိမ်းယူရရှိပြီး ရိက္ခာများလုံလောက်စွာရရှိလာသဖြင့် ရက်ပေါင်း(၁၁၁)ရက်ကြာမျှ ရန်သူများကို ခုခံတိုက်ခိုက် နိုင်ပြီး ဆိုးရွားသောအခြေအနေများ မကျရောက်ခဲ့ပေ။ ကြာရှည်တိုက်လာရသဖြင့် ခဲယမ်းမီးကျောက်များ ကုန်လုလုအခြေ အနေမျိုး ရောက်ခဲ့ရသည်။

သို့ရာတွင် ဘုရားသခင်၏ ထောက်မမှုကြောင့် အင်းစိန်မြို့တွင်းတွင် ရှာဖွေတူးဖေါ်ရာ နှစ်လနီးပါးမျှ ပြန်လည်တိုက်ခိုက်နိုင် သည့်ကျည်ဆံများ တူးဖေါ်ရရှိခဲ့သည်။ ယင်းကျည်ဆံများမှာ ဒုတိယကမ္ဘာစစ်အတွင်းဗြိတိသျှတို့ မြုပ်နှံသွားသည့် ကျည်ဆံ များဖြစ်သည်။ ယင်းကျည်ဆံများကို အင်းစိန်ရှိ ကုလားတဦး၏ သတင်းပေးမှုကြောင့် ရရှိခြင်းဖြစ်သည်။ ယင်းကျည်ဆံများရ ရှိပြီး အင်းစိန်တိုက်ပွဲဖြစ်ချိန်တွင် အင်းစိန်မြို့ကို သိမ်းယူရရှိလိုက်သဖြင့် အင်းစိန်မြို့တွင် ကရင်ဆရာဝန်များ၊ ကရင်ဆေး ကျောင်းသားများရှိနေရုံမျှမက အင်းစိန်မြို့ဆေးရုံးနှင့်တကွ လက်နက်ကိရိယာများ၊ ဆေးဝါးများ အားလုံအလောက်ရရှိခဲ့ သည်။

ကျွန်တော်တို့သည် လက်နက်များရရှိလိုက်သဖြင့် ကာကွယ်ရေးလက်နက်ကိုင်တပ်များ စနစ်တကျဖွဲ့စည်းပေးနိုင်ခဲ့သည်။ သေနတ်ကိုင်တပ်၊ ဆေးတပ်ဖွဲ့၊ အချက်ပြဆက်သွယ်ရေးတပ်ဖွဲ့၊ ထောက်လှမ်းရေးတပ်ဖွဲ့၊ ရိက္ခာတပ်ဖွဲ့၊ သယ်ယူပို့ဆောင်ရေး တပ်ဖွဲ့ စသည်ဖြင့် စနစ်တကျအစီအစဉ်များ ပြုလုပ်ပေးနိုင်ခဲ့သည်။ အင်းစိန်တိုက်ပွဲ ဦးစီးသူအဖြစ် ဗိုလ်မှူးအောင်စိန်ကို တာ ၀န်ပေးထားရန်မှ ပြဿနာများဖြစ်ပေါ်လာ၍ ဗိုလ်မှူးအောင်စိန်၏နေရာတွင် ကျွန်ုပ်မှယူပြီး တိုက်ပွဲကို ဆက်လက်ဆင်နွဲ သည်။ ရက်ပေါင်း(၁၁၁)ရက် ကာလအတွင်း အကျပ်အတည်းများစွာကိုလည်း တွေ့ခဲ့ရသည်။ တိုက်ပွဲမှာ တိုက်ပွဲရှည်ဖြစ်ပြီး ရက်ကြာလာသည်နှင့်အမျှ လက်နက်ကိုင်များသည် စိတ်ဓါတ်ကျလာကာ အချို့မှာ မိမိတပ်စွဲသည့်နေရာကိုစွန့်၍ အင်းစိန်မှ ထွက်ခွာရန်ပြုလုပ်လာသည်။

၎င်းတို့စိတ်ဓာတ်မြင့်တင်ရေးနှင့် တာဝန်ပြန်လည်ယူကြရန်အတွက် ကျွန်တော်၊ စောဘဦးကြီး ဗိုလ်မှူးမောင်ကလေးတို့မှ ၎င်းတို့နှင့်တွေ့ဆုံဆွေးနွေးပြီး ထိန်းသိမ်းပေးခဲ့ရပေသည်။ အရပ်သူ၊ အရပ်သားများအတွင်းတွင်လည်း စည်းကမ်းဖောက် ဖျက်မှု၊ အကျင့်ပျက်ပြားမှုနှင့် အချင်းချင်းမသင့်မြမှုများရှိနေသဖြင့် ၎င်းပြဿနာများကိုလည်း ဖြေရှင်းပေးရပြန်သည်။ ရှေ့ တန်းရဲဘော်နှင့် နောက်တန်းရဲဘော်များဟူ၍ရှိနေရာတွင် ၎င်းတို့အကြားတွင်းလည်း စိတ်ဝမ်းကွဲမှုများရှိနေသဖြင့် ယင်းပြ ဿနာများကို ဖြေရှင်းပေးရပြန်သည်။ အင်းစိန်တိုက်ပွဲသည် ကျွန်ုပ်အဖို့ ကြီးမားသောအတွေ့အကြုံများကို ရရှိစေသည်။ တော်လှန်ဒဏ်ကို ခံနိုင်ရည်ရှိလာသည်။ ပြဿနာများမည်သို့ ဖြေရှင်းပေးရမည်ကို အတွေ့အကြုံရလာသည်။ ရက်ပေါင်း (၁၁၁)ကြာမျှ တပ်နှင့်၊ လူထုများကို ထိန်းသိမ်းပေးနိုင်သည့် အရည်အချင်းများလည်း ရရှိလာသည်။ အင်းစိန်တိုက်ပွဲမှ အ ခက်အခဲပေါင်းများစွာသည် တော်လှန်ရေးကို ဆက်လက်ရှေ့ဆောင်ပေးရန် အရည်အချင်းနှင့် အတွေ့အကြုံများ များစွာရရှိ လာစေသည်။
(အထက်ပါအချက်များသည် ဥက္ကဌကြီးမန်းဘဇန် ကိုယ်တိုင်ပြောကြားချက်များမှ ကောက်နှုတ်ချက်ဖြစ်သည်။)


အပိုဒ်(၃)
ဥက္ကဌကြီးမန်းဘဇန်နှင့် ဘာသာရေး

ဥက္ကဌကြီးမန်းဘဇန်သည် ခရစ်ယာန်မိဘနှစ်ပါးမှ သန့်စင်စွာဖွားမြင်လာသော ခရစ်ယာန်တယောက်ဖြစ်ပင်ရန် ခရစ်တော်ကို အသက်ဝင်ယုံကြည်ကိုးကွယ်သူဖြစ်သည်။ ၎င်း၏အသက်တာ တလျှောက်လုံး ထာဝရဘုရားသခင်ကို ဦးထိပ်ပန်ဆင်ပြီး အ လုပ်၏လမ်းညွန်အဖြစ် ရှေ့ဆောင်လမ်းပြအဖြစ်ခံယူသည်။ ၎င်းအသက်တာနှင့် တော်လှန်ရေးလမ်းကြောင်းတလျှောက် သ ခင်ခရစ်တော်၏ တရားတော်မြတ်အတိုင်း လိုက်လျှောက်ခဲ့သည်။

ရန်သူ့စစ်သုံ့ပန်းတွေအပေါ် ထားရှိရမည့် သုံ့ပန်းပေါ်လစီကို သခင်ခရစ်တော်၏ ရန်သူ့အပေါ် အမြင်များဖြစ်သည့် ရှင်မသဲရာ ဇ၀င် အခဏ်းကြီး (၅)အခဏ်းငယ်(၄၃း၄၅) မှာ-
(သင်တို့၏ရန်သူကို ချစ်ကြလော့)
(သင်တို့ကိုကြိမ်ဆဲသောသူတို့ကို မေတ္တာပို့လော့)
(သင်တို့ကို မုန်းသူတို့ကို ကျေးဇူးပြုကြလော့) ဟူ၍ ဖော်ပြဖွင့်ဆိုခဲ့ပြီး၊

တော်လှန်ရေးဆိုတာ မိမိအတွက်ရယူခြင်းမဟုတ်၊ အမျိုးသားပြည်သူအတွက် ပေးဆပ်ခြင်းဖြစ်တယ်ဆိုသည့် ဥက္ကဌကြီးမန်း ဘဇန်၏ ဒဿနသည် သခင်ခရစ်တော်၏ တမန်တော်မြတ်ဖြစ်သည့် ရှင်လုကာခရစ်ဝင် အခဏ်းကြီး (၁၄)၊ အခဏ်းငယ် (၁၃)မှ ဆင်းသက်လာပါသည်။

သင်သည် ပွဲခံသောအခါ ဆင်းရဲသောသူ၊ အင်္ဂါချို့တဲ့သောသူ၊ ခြေမစွမ်းသောသူ၊ မျက်စိကန်းသောသူများကို ဖိတ်ခေါ်လော့ ဟုဖော်ပြသည်။ ကျွန်တော်တို့ ကရင်အမျိုးသားများသည် လူလူချင်းဖိနှိပ်သည့်၊ လူမျိုးချင်းကျွန်ပြုမှု၊ မဟာလူမျိုးကြီးဝါဒီများ ၏ ကျွန်ပြုနှိပ်စက်သွေးစုတ်မှုကြောင့် ဆင်းရဲမွဲပြာကျနေကြသည်။ သူတို့၏လွှတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ရာတွင် ကိုယ်ကျိုးကိုမကြည့်ရန် ကျွန်တော်တို့ကို ဆုံးမသြ၀ါဒပေးခဲ့သည်။

ခရစ်တော်၏ လူသားဝါဒဆိုင်ရာ သဘောတရားများကို ပေးခဲ့သည်။ ကျွန်တော်တို့ ညီအစ်ကို မောင်နှမတွေကို ဘာသာရေး ဆိုင်ရာ ဓမ္မအမွေအဖြစ် ဆာလံကျမ်း (၂၃/၂၇) နှင့် (၉၁)တို့ကို နှုတ်ငုံအာဂုံဆောင်ထားရန် ပေးခဲ့သည်။ ဤကျမ်းချက်များ လက်ကိုင်ခဲ့သဖြင့် တိုက်ပွဲတိုင်း ဘေးမသီရန်မခပဲ အောင်ပွဲအလီလီရခဲ့ပါသည်။ ဘာသာတရားနဲ့ပါတ်သက်၍ ကျွန်တော့် အဖိုး မန်းစိန်ပွင့်ကလည်း သူမသေခင် အဖေ့ကို စာတစောင်ရေးပေးခဲ့သည်။ ထိုစာထဲတွင်-

“ငါ့သား အခုမင်းတို့လုပ်နေတဲ့ တော်လှန်ရေးဟာ မှန်တယ်။ ဒါ အောင်ရမယ်။ မင်းတခုနားလည်ရမှာက မင်းအလုပ်လုပ်တဲ့ အခါမှာ ဘုရားသခင်ကိုမမေ့နဲ့ ဘုရာသခင်ကို ဦးထိပ်ထားပြီးတော့ မင်းလုပ်သွားမယ်ဆိုရင် အောင်မြင်မယ်”ဆိုသည့် စာတ စောင်ရေးပေးခဲ့သည်။ တဆက်ထဲတွင် ဒုတိယလမ်းစဉ်တော့ မက်(စ်)၀ါဒ ရေသောက်မြစ်သုံးသွယ်ကို လေ့လာသည်။ ထိုရေ သောက်မြစ်သုံးသွယ်တွင် အနုပဋိလောမရုပ်ဝါဒ၊ ရာဇ၀င်ရေးရုပ်ဝါဒနှင့် အဘိဓမ္မရေးရုပ်ဝါဒ ဟူ၍ရှိသည်။ ထိုအထဲတွင် အ ဘိဓမ္မာရေးရုပ်ဝါဒကို လက်မခံပေ။ ဆိုလိုသည်မှာ ၎င်းကိုယ်တိုင်အသံသွင်းခဲ့သည့် တိတ်ခွေထဲ၌ ဘာသာရေးနှင့်ပါတ်သက် ၍ (ဘုရားမရှိဘူး ဖန်ဆင်းတာမရှိဘူးဆိုတာ ကျွန်တော်လက်မခံဘူး၊ ကျွန်တော်ကိုယ်တိုင် ဘုရားယုံကြည်တယ်)ဟု ပြောကြားခဲ့သည်။ အကယ်၍ ဥက္ကဌကြီးမန်းဘဇန်သည် ဘုရားတရားမရှိ၊ ဘုရားမယုံကြည်ပဲ မက်(စ်)၀ါဒ၏ အဘိဓမ္မာရေး ရုပ်ဝါဒကိုသာ လက်ခံခဲ့လျှင် တော်လှန်သည့် ကရင်မျိုးချစ်တယောက်အနေနှင့် ကေအဲန်ယူအစည်းအရုံးတွင် ၀င်ရောက်လုပ် ကိုင်ခြင်းမရှိပဲ အဘိဓမ္မာရေးဒရုပ်ဝါဒကို လက်ခံသော အလုပ်သမားပါတီဝင် ကွန်မြူနစ်တယောက် ဖြစ်နေမည်ဖြစ်သည်။

၎င်းချမှတ်ခဲ့သည့် ဒုတိယလမ်းစဉ်၏ လုပ်ငန်းစဉ်များတွင် ဘာသာရေးနှင့်ပါတ်သက်၍ လူတိုင်း၊ လူမျိုးတိုင်း မိမိကြိုက်နှစ် သက်သောဘာသာကို လွှတ်လပ်စွာ ကိုးကွယ်ယုံကြည် လုပ်ဆောင်ခွင့်ရှိသည်ဟု ဖေါ်ပြသည်။ သို့သော် မိမိတို့ကို တခုပြော ခဲ့သည် (Demoination) အသင်းကွဲတွေများလာသဖြင့် ဘာသာတွေ အမျိုးမျိုးကွဲနေသည်။ ရန်သူမှ ဘာသာရေးကိုခုတုံးလုပ် ပြီး နိုင်ငံရေးအမြတ်ထုတ်နိုင်သည်။ ထို့ကြောင့် သတိထားရန် ပညာပေးရှေ့ဆောင်ခဲ့သည်။

ကျွန်တော်နှင့် နောက်ဆုံးမခွဲခွာမီ၊ ကျွန်တော်ရှေ့တန်းသွားခါနီး ကျွန်တော်ဦးသုံးကြိမ်ချကန်တော့ချိန်တွင် ကျွန်တော့်ဦး ခေါင်းကိုကိုင်၍ ဆုတောင်းပေးပါသည်။ ကျွန်တော့်ကို ဘုရားသခင်စောင်မပါစေ၊ ဘေးဥပါတ်အန္တရာယ် ကင်းဝေးပါစေ၊ လုပ် ငန်းများအောင်မြင်စေရန် ဆုတောင်းပေးပါသည်။ ဥက္ကဌကြီးမန်းဘဇန်သည် ဘုရားတရားကို ယုံကြည်သော တော်လှန်သည့် ကရင်မျိုးချစ်တဦးဖြစ်ကြောင်း တသက်လုံးခံယူသွားမည်ဖြစ်ပါသည်။

ဥက္ကဌကြီး မန်းဘဇန်-သခင်ခရစ်တော်၏ ခြေတော်ရင်းတွင် ထာဝရငြိမ်းချမ်းစွာ
အနားယူနိုင်ပါစေဟု ဆန္ဒပြုအပ်ပါသည်။




အပိုဒ်(၄)
ဥက္ကဌကြီးမန်းဘဇန်နှင့် တပ်ပေါင်းစု

တော်လှန်ရေးတရပ်အောင်ပွဲခံဘို့၊ ပါတီ၊ တပ်မတော်၊ တပ်ပေါင်းစုဆိုတဲ့(အမြုတေ)သုံးလုံးရှိရမယ်။ ဒါမှအောင်ပွဲခံမယ်ဆိုတဲ့ သဘောတရား။

ရန်သူရဲ့ရန်သူဟာ မိတ်ဆွေဖြစ်တယ်။ (The enemy of my enemy is my friend) ဆိုသည့် သဘောတရားတွေကို ဥက္ကဌကြီး မန်းဘဇန်က သက်ရှိထင်ရှားစဉ် နိုင်ငံရေးသင်တန်းတွေမှာပဲဖြစ်ဖြစ်၊ ရဲဘော်တွေနဲ့ ဆွေးနွေးပွဲတွေမှာပဲဖြစ်ဖြစ်၊ ချမှတ်ပို့ချခဲ့ ပါတယ်။ ဤသဘောတရားခံယူမှုအခြေခံပေါ်မှာ ၁၉၄၇ ခုနှစ်၊ ဧပြီ ၂၃/၂၄ရက် ကေအဲန်ယူညီလာခံ ဆုံးဖြတ်ချက်အရ ကေ အဲန်ယူအရေးပေါ်ညီလာခံတွင် တိုင်းရင်းသားလူမျိုးစုများကို စည်းရုံးရမည်ဟု ဆုံးဖြတ်ခဲ့သည်။ ယင်းဆုံးဖြတ်ချက်အရ ဆောင်ရွက်ရာတွင်၊ ကချင်၊ ကရင်နီ၊ အအိုဝ်း၊ မွန်၊ သျှမ်းးတို့ကို စည်းရုံးခဲ့သည်။ ကချင်လူမျိုးစုများအနေဖြင့် အစိုးရအမှုထမ်း များဖြစ်သော ကချင်ရိုင်ဖယ်တပ်မှူးများကို စည်းရုံးခဲ့သည်။ ကချင်ရိုင်ဖယ်အမှတ်(၁)တပ်မှူး ဗိုလ်မှူးကြီးနော်လားမှာ ကရင် အမျိုးသားလှုပ်ရှားမှုကို တက်ကြွစွာအားပေးတောက်ခံသော ဗိုလ်မှူးဖြစ်သည်။

ကချင်ခေါင်းဆောင်များထဲမှ ဒူးဝါးဇော်လွန်းဆိုသည့် ပုဂ္ဂိုလ်ကိုလည်းစည်းရုံးနိုင်ခဲ့သည်။ ဗိုလ်မှူးကြီးနော်လားမှာ ကရင်အမျိုး သားလှုပ်ရှားမှုကို ထောက်ခံအားပေးသဖြင့် ၄င်းတပ်မှ ရွေ့ပြောင်းခြင်းခံခဲ့ရသည်။ ပအိုဝ်းအမျိုးသားများနှင့် ပါတ်သက်၍ ပအိုဝ်း-ဦးလှဖေ၏ ဦးဆောင်မှုဖြင့် ပအိုဝ်းတမျိုးသားလုံးကို စည်းရုံးနိုင်ခဲ့သည်။ မွန်းတမျိုးသားလုံးတွေကိုလည်း မွန်အမျိုး သားခေါင်းဆောင်များဖြစ်သော ဦးလှမောင်၊ ဦးဘလွင်(နိုင်ရွှေကျင်)တို့၏ ဦးဆောင်မှုဖြင့် စည်းရုံးနိုင်ခဲ့သည်။ ကရင်နီတမျိုး သားလုံးကိုလည်း ကရင်နီခေါင်းဆောင် စော်ဘွားစောရွှေ၏ ဦးစီးမှုဖြင့်စည်းရုံးနိုင်ခဲ့သည်။ သျှမ်းအမျိုးသားများအတွက် စည်း ရုံးရန် တောင်ကြီးမြို့ရှိ အရေးပိုင် စောကျော်အံ့ကိုလည်း စည်းရုံးနိုင်ခဲ့သည်။ ၎င်းတို့ကို စည်းရုံးပြီး လူမျိုးစုတပ်ဦးအဖြစ် ဖွဲ့ စည်းလုဆဲဆဲတွင် ကရင့်တော်လှန်ရေး ဖြစ်ပေါ်လာသည့်အတွက် ယင်းတပ်ဦးကို ဖွဲ့စည်းခြင်းမပြုနိုင်ခဲ့ပေ။

သို့ရာတွင် ကရင့်တော်လှန်ရေးဖြစ်ပေါ်လာသည်နှင့် တချိန်တည်းတွင် ကရင်နီ၊ ပအိုဝ့်၊ မွန်အမျိုးသားများသည် ကရင်အမျိုး သားများကဲ့သို့ပင် မိမိတို့အမျိုးသားလွတ်လပ်ရေးအတွက် လက်နက်စွဲကိုင်တော်လှန်ကြသည်။ ကချင်အမျိုးသားထဲမှ ကချင် တပ်ရင်း (၂) ဗိုလ်ကြီးနော်ဆိုင်းဦးစီးသော ကချင်လက်နက်ကိုင်များက တောခိုကြပြီး ကရင့်တော်လှန်ရေးနှင့်ပူးပေါင်းကာ တော်လှန်ကြသည်။ သျှမ်းပြည်တွင်းလည်း စောကျော်အံ့၏ အကူအညီဖြင့် ကရင်လက်နက်ကိုင်တော်လှန်ရေးသမားများက သျှမ်းပြည်၏မြို့တော်ဖြစ်သော တောင်ကြီးမြို့ကို တိုက်ခိုက်သိမ်းယူနိုင်ခဲ့သည်။ ကရင့်တော်လှန်ရေးဖြစ်ပေါ်လာသောအခါ ဖဆပဖအစိုးရနှင့်လက်တွဲ၍ တာဝန်ထမ်းဆောင်နေကြသော သျှမ်းခေါင်းဆောင် စော်ဘွားများ၊ ကချင်ခေါင်းဆောင်ဒူးဝါးများ ကလည်း ကရင့်တော်လှန်ရေးကို မဆန့်ကျင်ကြပဲ စာနာထောက်ထားကြသည်။ တဆက်တည်း အင်းစိန်တိုက်ပွဲကနေ ဆုတ် လာစဉ်ပြည်မြို့၌ရှိသော ဗကပ၊ အလံနီနှင့် ပြည်သူ့ရဲဘော်(၃)ပါတီ၊ ပြည်သူ့ဒီမိုကရေစီတပ်ပေါင်းစု ဌာနချုပ် KNU ကိုယ်စား လှယ် ဗိုလ်မှူး မောင်ကလေးကို စေလွှတ်ပြီ၊ တပ်ပေါင်စုဖွဲ့ရန် ကမ်းလှမ်းသည်။ ကမ်းလှမ်းချက်ကို လက်မခံဘဲ စောဘဦးကြီး သည် နယ်ချဲ့လက်ကိုင်တုတ်၊ KNU သည် နယ်ချဲ့နောက်လိုက်ခွေး၊ Lackey ဟုစွပ်စွဲကာ ၎င်းကမ်းလှမ်းမှုပျက်သွားပြီး တပ် ပေါင်းစုဖွဲ့စည်းရေး မအောင်မြင်ခဲ့ပေ။ သို့သော်စိတ်ရှည်စွာဖြင့် ဘုံရန်သူကို ဆန့်ကျင်တိုက်ခိုက်နိုင်ရန် တပ်ပေါင်းစုလိုအပ် သည်ဆိုသည့် သဘောတရားကို လက်ကိုင်ထားပြီး ဥက္ကဌကြီးမန်းဘဇန် သက်ရှိထင်ရှားရှိစဉ် ၎င်းကိုယ်တိုင် ဦးစီးရှေ့ ဆောင်ပါဝင်ခဲ့သော တပ်ပေါင်းစုများကို ဖော်ပြလိုက်သည်။

(၁) ဇင်-ဇန် သဘောတူညီချက်
၁၉၅၂ ခုနှစ်၊ မေလ၊ မြစ်ဝကျွန်းပေါ်တိုင်း၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ အနမ်းကုန်းရွာတွင် လက်မှတ်ရေးထိုး သည်။
ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံးဘက်မှ
(၁) မန်းဘဇန်
(၂) စောမောင်တိုး
(၃) စောသန်း
(၄) ဗိုလ်မှူးချစ်တင် (KPLA တပ်ရင်း (၂) တပ်ရင်းမှူး၊ ကျဆုံး)

ဗကပ ဗမာပြည်ကွန်မြူနစ်ပါတီဘက်မှ-
(၁) သခင်ဇင်
(၂) ဗိုလ်ရဲထွဋ်
(၃) ရဲဘော်တင်ထွဋ်
(၄) ရဲဘော်စိုးသန်း

သဘောတူညီချက်များ
(၁) တဘက်နှင့်တဘက် အပစ်အခတ်ရပ်စဲရေး၊
(၂) ဘုံရန်သူကို ပူးပေါင်းတိုက်ခိုက်ရေး၊
(၃) နိုင်ငံရေး စစ်ရေးပူးတွဲကော်မတီဖွဲ့စည်းရေး တို့ဖြစ်သည်။

(၂) (ဒလညတ)ဒီမိုကရက်တစ်လူမျိုးစုများ ညီညွတ်ရေးတပ်ဦး
(DNUF) Democratic Nationalities United Front

၁၉၅၆ ခုနှစ်၊ ဧပြီလ(၄)ရက်နေ့တွင် ဖာပွန်မြို့နယ် ကေအဲန်ယူ ဗဟိုစခန်း၌ ဒီမိုကရေတစ် လူမျိုးစုများညီညွတ်ရေးတပ်ဦး (ဒ လညတ) ကို ဖွဲ့စည်းခဲ့သည်။ ပါဝင်သောအဖွဲ့အစည်းနှင့် ခေါင်းဆောင်များမှာ--

၁။ စောဟန်တာသာမွေး (ကေအဲန်ယူ)
၂။ မန်းဘဇန် (ကေအဲန်ယူ)
၃။ ကော်ကစာထောပလို (ကေအဲန်ပီပီ)
၎။ ဒေါ်သိန်းမြ (ကေအဲန်ပီပီ)
၅။ ဗိုလ်ခင် (ပီအဲန်အို)
၆။ နိုင်အောင်ထွန်း (မွန်ပြည်သူ့တပ်ဦး)
၇။ နိုင်ရွှေကျင် (မွန်ပြည်သူ့တပ်ဦး)

ရည်ရွယ်ချက်
၁။ လက်နက်ကိုင်တော်လှန်ရေးအင်အားစုများ စုပေါင်း၍ တပ်ပေါင်းစုဖွဲ့ရန်။
၂။ လူမျိုးစုံအခွင့်အရေးအပြည့်အ၀ရရှိရန်။
၃။ ကျယ်ပြန့်သော ဒီမိုကရေစီတပ်ပေါင်းစုကြီးဖွဲ့စည်းရန်။

(၃) (မဒညတ) အမျိုးသားဒီမိုကရေစီ ညီညွတ်ရေးတပ်ပေါင်းစု
(NDUF) National Democratic United Front.

၁၉၅၉ ခုနှစ်။ မေလတွင် ဖာပွန်မြို့နယ် (မဲဝိုင်) ၌ အမျိုးသားဒီမိုကရေစီ ညီညွတ်ရေးတပ်ပေါင်းစုကို စတင်ဖွဲ့စည်းသည်။ မွန် ပြည်သစ်ပါတီ၊ ကေအဲန်ယူပါတီနှင့် ဗမာပြည်ကွန်မြူနစ်ပါတီတို့ဖြင့် စတင်ဖွဲ့စည်းသည်။ မကြာမှီ ကရင်နီအမျိုးသားတိုးတက် ရေးပါတီနှင့် ချင်းဦးစီးအဖွဲ့တို့ ပါဝင်အားဖြည့်ဖွဲ့စည်းသည်။

ကေအဲန်ယူပါတီမှ-
၁။ မန်းဘဇန်
၂။ ဗိုလ်ချုပ်ကော်ထူး (စောကျော်မြသန်း)
မွန်ပြည်သစ်ပါတီဘက်မှ--
၁။ နိုင်ရွှေကျင်

ဗမာပြည်ကွန်မြူနစ်ပါတီဘက်မှ-
၁။ သခင်ဇင်
၂။ သခင်တင်ထွန်း
၃။ ဗိုလ်ရဲထွဋ်း

ကရင်နီအမျိုးသားတိုးတက်ရေးပါတီမှ-
၁။ ဦးဘိုးကျော်

ချင်းဦးစီးအဖွဲ့မှ-
၁။ ဆလိုင်းစံအောင်

တပ်ပေါင်းစုဖွဲ့စည်းနိုင်ခြင်းဖြင့် တိုင်းရင်းသားလူမျိုးစုံ ညီအစ်ကိုတော်များအကြား နားလည်မှု တစုံတရာရရှိကြပြီး မဟာလူ မျိုးကြီးဝါဒနှင့် ကျဉ်းမြောင်းသော အမျိုးသားရေးဝါဒ အစွဲများကို တိုက်ချွတ်နိုင်ခဲ့ကြသည်။

(၄) (ညလတ) ညီညွတ်သော လူမျိုးစုများတပ်ဦး
(U.N.F) United Nationality Front.

၁၉၆၅ ခုနှစ်၊ သြဂုဏ်လတွင် တဗီထာစခန်းတွင် ညီညွတ်သောလူမျိုးစုများတပ်ဦးကို ဖွဲ့စည်းနိုင်ခဲ့သည်။
၁။ မန်းဘဇန် (ကေအဲန်ယူ)
၂။ စောမော်ရယ် (ကေအဲန်ပီပီ)
၃။ ဗိုလ်မှူးဆေတင် (ရှမ်းပြည်စစ်ကောင်စီ) Shan State War Council) (SSWC)
၎။ ဦးရွှေအေး (ကေအဲန်အဲယ်ပီ) Kayan New Land Party
၅။ စန်ခန်ထမ်း (ဇိုမီချင်း အမျိုးသားတပ်ဦး)

(၅) လူမျိုးစုများညီညွတ်ရေးတပ်ဦး (လညတ)
(NUF) Nationality United Front.
၁၉၆၇ ခုနှစ်က ကရင်နီဗဟို ဂေဂေါ်ပယ်လ်ရွာတွင် လူမျိုးစုများညီညွတ်ရေးတပ်ဦး(လညတ)ကို ဖွဲ့စည်းနိုင်ခဲ့သည်။ ၎င်းတပ် ဦးတွင်-

(၁) မန်းဘဇန် (ကေအဲန်ယူပါတီ)
(၂) ဗိုလ်ချုပ်ကော်ထူး (ကေအဲန်ယူပါတီ)
(၃) စောမော်ရယ် (ကေအဲန်ပီပီ)
(၄) နိုင်ရွှေကျင် (မွန်ပြည်သစ်ပါတီ)
(၅) နိုင်ဆံမိတ် (မွန်ပြည်သစ်ပါတီ)
(၆) ဂျင်မီ (ဇိုမီချင်းအမျိုးသားတပ်ဦး)
(၇) ဦးရွှေအေး (ကေအဲန်အဲယ်ပီ)

(၆) (တညလ) တိုင်းရင်းသားလူမျိုးပေါင်းစုံညီညွတ်ရေးနှင့် လွှတ်မြောက်ရေးတပ်ပေါင်းစု
(UNLF) Nationality United Liberation Front.

၁၉၇၀ ခုနှစ်၊ မေလ၊ ထိုင်းနိုင်ငံ (ဗန်ကောက်မြို့) တနေရာ၌ တိုင်းရင်းသားလူမျိုးပေါင်းစုံ ညီညွတ်ရေးနှင့် လွှတ်မြောက်ရေး တပ်ပေါင်းစု(တညလ)ကို ဖွဲ့စည်းခဲ့သည်။ အဆိုပါ တပ်ပေါင်းစုတွင်-

(၁) ဦးနု (နာယက) ပါလီမန်ဒီမိုကရေစီပါတီ
(၂) မန်းဘဇန် (ဥက္ကဌ) ကေအဲန်ယူ
(၃) နိုင်ရွှေကျင် (အတွင်းရေးမှူး) မွန်ပြည်သစ်ပါတီ
(၄) ဦးဇာလီမော် (တွဲဘက်အတွင်းရေးမှူး) ပီဒီပီ
(၅) ဦးမန်းတလင်း (တွဲဘက်အတွင်းရေးမှူး) ချင်းဒီမိုကရေစီပါတီ
(၆) ဂျင်မီယန်း (တွဲဘက်အတွင်းရေးမှူး) သျှမ်းမျိုးချစ်ပါတီ

(၇) (တလမဖ) တော်လှန်သော လူမျိုးပေါင်းစုံ လွှတ်မြောက်ရေးမဟာမိတ်အဖွဲ့-

၁၉၇၂ ခုနှစ်တွင် တော်လှန်သော လူမျိုးပေါင်းစုံ လွှတ်မြောက်ရေး မဟာမိတ်အဖွဲ့ (တလမဖ)ကို ဖွဲ့စည်းနိုင်ခဲ့သည်။ ၎င်း မဟာမိတ်အဖွဲ့တွင်-
(၁) မန်းဘဇန် (ကေအဲန်ယူ)
(၂) စောမော်ရယ် (ကေအဲန်ပီပီ)
(၃) ခွန်ကြာနု (ရှမ်းပြည်တိုးတက်ရေးပါတီ)
(၄) ဦးရွှေအေား (ကေအဲန်အဲယ်ပီ)
(၈) (ပမဒတ) ပြည်နယ်ပေါင်းစု ပြည်ထောင်ပေါင်းစု အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု
(F.N.D.F) Federal National Democratic Front.

၁၉၇၅ ခုနှစ်၊ မေလ (၂၇)ရက်နေ့တွင် ကေအဲန်ယူ ဗဟိုဌာနချုပ် မာနယ်ပလောတွင် (ပမဒတ) ပြည်နယ်ပေါင်းစုပြည် ထောင်စု အမျိုးသားဒီမိုကရေစီ တပ်ပေါင်းစုကို ဖွဲ့စည်းနိုင်ခဲ့သည်။ ၎င်းတပ်ပေါင်းစုတွင်--
(၁) ကိုဘကျော် (ရခိုင်ပြည်လွှတ်မြောက်ရေးပါတီ)
(၂) ခိုင်ရဲခိုင် ( ။ ။ ။ ။)
(၃) ခိုင်စိုးနိုင်အောင် ( ။ ။ ။ ။)
(၄) ခိုင်မိုးမင်း ( ။ ။ ။ ။)
(၅) ဥက္ကဌ စောမော်ရယ် (ကရင်နီအမျိုးသားတိုးတက်ရေပါတီ)
(၆) ဗိုလ်မှူးကြီး ခဖိုး ( ။ ။ ။ ။)
(၇) ဗိုလ်မှူးကြီး ပလျားရယ် ( ။ ။ ။ ။)
(၈) ရဲဘော် ၀င်းနိုင် ( ။ ။ ။ ။)
(၉) ဥက္ကဌ မန်းဘဇန် (ကေအဲန်ယူ)
(၁၀) ဗိုလ်ချုပ် မြ ( ။ ။ ။ ။)
(၁၁) ပဒို သာပြည့် ( ။ ။ ။ ။)
(၁၂) ပဒို ဘောယူဖော ( ။ ။ ။ ။)
(၁၃) ပဒို ဂေဒွဲဘွား ( ။ ။ ။ ။)
(၁၄) ပဒို ဖူးလယ်ဝါး ( ။ ။ ။ ။)
(၁၅) ဗိုလ်မှူးကြီး လှထူး ( ။ ။ ။ ။)
(၁၆) နိုင်နွန်လာ ( မွန်ပြည်သစ်ပါတီ )
(၁၇) နိုင်ဆွေယာဉ် ( ။ ။ ။ ။ ။ ။ ။ ။)
(၁၈) နိုင်တက်ထွန်း ( ။ ။ ။ ။ ။ ။ ။ ။)
(၁၉) နိုင်တလမွန် ( ။ ။ ။ ။ ။ ။ ။ ။)
(၂၀) ဗိုလ်မှူးကြီး ခွန်လုံဖ (သျှမ်းပြည်တိုးတက်ရေးပါတီ)
(၂၁) ဗိုလ်မှူးကြီး ဆိုင်တန် ( ။ ။ ။ )
(၂၂) ခွန်ဇွမ်း ( ။ ။ ။ )
အထက်ပါအဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များဖြင့် (မဒတ) ဖြစ်လာမည့် ပြည်နယ်ပေါင်းစု ပြည်ထောင်စု အမျိုးသားဒီမိုကရေစီတပ် ပေါင်းစုကို ဖွဲ့စည်းနိုင်ခဲ့ပါသည်။ တပ်ပေါင်းစုဖြင့် အောင်ပွဲခံနိုင်မည်ဟု ဥက္ကဌမန်းဘဇန် တလျှောက်လုံးခံယူခဲ့ပါသည်။ ဤကဲ့ သို့ခံယူသဖြင့် တပ်ပေါင်းစုအား မဖြစ်မနေ ပါဝင်ဖွဲ့စည်းခဲ့ပါသည်။
အဆိုပါပြည်နယ်ပေါင်းစု ပြည်ထောင်စု အမျိုးသားဒီမိုကရေစီတပ်ပေါင်းစုတွင် ဥက္ကဌကြီး မန်းဘဇန် တင်ပြချက်များမှာ-
“ကရင်အမျိုးသားအစည်းအရုံးနဲ့ ကရင်တမျိုးသားလုံးပါ အမျိုးသားလွှတ်မြောက်ရေးအတွက် လက်နက်ကိုင်တော်လှန်တိုက် ပွဲဝင်ခဲ့ကြတာ (၂၇)ရှိပြီးဖြစ်ပါတယ်။ ဤနှစ်များအတွင်း တိုက်ပွဲဝင်လာခဲ့ရာမှ အတွေ့အကြုံပေါင်းမြောက်များစွာ ရရှိခဲ့ပါ တယ်။ ယင်းအတွေ့အကြုံများထဲမှ တပ်ပေါင်းစုဖွဲ့စည်း၍ တိုက်ပွဲဝင်ရန်လိုအပ်သော အတွေ့အကြုံများလည်းပါဝင်ပေမည်။ အတွေ့အကြုံများဖလှယ်တဲ့အနေနဲ့ ယင်းအတွေ့အကြုံများကို ပြောကြားအပ်ပါတယ်”။
ပထမအနေဖြင့် တော်လှန်ရေးအင်အားစုများ နားလည်မှုဖြင့် ပူးပေါင်းတိုက်ပွဲဝင်ခြင်းဖြင့် တော်လှန်ရေးအကျိုးဖြစ်ထွန်းခြင်း၊ နားလည်မှုမရှိ တသီးတခြားစီတိုက်ပွဲဝင်ခြင်းဖြင့် တော်လှန်ရေးအကျိုးပျက်ခဲ့ရတဲ့ အတွေ့အကြုံများကို ပြောကြားလိုပါတယ်။
ကရင့်တော်လှန်ရေးအင်းအားစုနဲ့ ဗမာ့တော်လှန်ရေးအင်းအားစုများရဲ့လက်နက်ကိုင်တိုက်ပွဲဟာ မရှေးမနှောင်းမှာ ဖြစ်ပေါ် လာခဲ့ပါတယ်။ အလွန်ကောင်းမွန်တဲ့ အခြေအနေအောက်မှာ ဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။ သို့သော် ကရင်နဲ့ဗမာ့တော်လှန် ရေးအင်အားစုများအတွင်း တဦးနဲ့တဦး နားလည်မှုမရှိကြတဲ့အတွက် ဒီတော်လှန်ရေးအင်အားစုများဟာ တပေါင်းတည်းမရှိပဲ တသီးတခြားစီဖြစ်ပေါ်လာပါတယ်။ အင်အားစုနှစ်ရပ်လုံးက ဘုံရန်သူအဖြစ်တဲ့ (ဖဆပလ)နဲ့ အဆက်ဆက်သောအစိုးရများ ကို အပြုတ်တိုက်နိုင်တယ်လို့ ခံယူချက်ရှိနေကြတယ်။ ထိုအချိန်က ရန်သူအားတဦချင်းအနေဖြင့် တိုက်ရင်လည်း ပြုတ်ကျ သွားနိုင်တဲ့အခြေအနေတွေရှိနေပါတယ်။ လက်နက်ကိုင်တော်လှန်ရေးစတင်ပြီး နှစ်အနည်းငယ်အတွင်းမှာပင် ကရင့်တော် လှန်ရေးက နယ်မြေပေါင်းများစွာကို လွှတ်မြောက်စေခဲ့တယ်။ ရန်သူဌာနချုပ် ရန်ကုန်ကိုပင် လေးဘက်လေးတန်မှ ၀ိုင်းပြီး တိုက်ခဲ့ပါတယ်။ ဒီလိုဖြစ်နေချိန်မှာ ဗမာ့တော်လှန်ရေးအင်အားစုများက ကရင့်တော်လှန်ရေးအင်အားစုများရဲ့ နောက်ကျော က တိုက်ခိုက်လာပါတယ်။ အခြေအနေဖြစ်ပေါ်ပြောင်းလဲလာပါတယ်။ ကရင့်အင်အားစုက ရန်ကုန်မြို့ကို အပြီးအပိုင် တိုက်ခိုက် သိမ်းပိုက်နိုင်ခြင်းမပြုတော့ပဲ ရန်သူအတွက် အကြပ်အတည်းမှ ထွက်ပေါက်ရသွားပါတယ်။ ရန်ကုန်ကို တိုက်နေ တဲ့ ကရင့်သေနတ်ပြောင်းဝဟာ ဗမာ့တော်လှန်ရေးအင်အားစုများဘက်ပြောင်းသွားပြီး လက်နက်ကိုင်တိုက်ပွဲဖြစ်လာတော့ တယ်။ တော်လှန်ရေးအတွက် အလွန်ကောင်းမွန်တဲ့ အခွင့်အရေးတရပ်ဆုံးရှုံးသွားခဲ့ပါတယ်။
ကရင့်တော်လှန်ရေးအင်အားစုများနဲ့ ဗမာ့တော်လှန်ရေးအင်အားစုများရဲ့ လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပေါ်လာခြင်းကို အခွင့် ကောင်းယူပြီး ရန်သူ (ဖဆပလ)အစိုးရက နှစ်ဦးစလုံးအား တန်ပြန်ထိုးစစ် ဆင်လာပါတယ်။ နှစ်ဦးစလုံးမှာ ကြီးမားတဲ့ ဆုံးရှုံး မှုကြီးများ ဖြစ်ပေါ်လာပြီး အခြေအနေ အတော်ပျက်စီးသွားခဲ့တယ်။ ဒီလိုအခြေအနေမှာ နှစ်ဦးစလုံးသဘောထားပြောင်းလာ ကြပြီး နှစ်ဘက်အကြား ဖြစ်သွားခဲ့တဲ့ ပဋိပက္ခများကို ပြေလည်မှုရအောင် တွေ့ဆုံဖြေရှင်းခဲ့ကြပါတယ်။ ပြဿနာများ ပြေ လည်မှုရသွားပါတယ်။ တဖက်နဲ့တဖက် နားလည်မှုရသွားကြပြီး အခိုက်အခဲရပ်စဲသွားရုံမက ဘုံရန်သူကို ပူးတွဲတိုက်ခိုက်နိုင် ပါတယ်။ ရန်သူထိုးနှက်တိုက်ခိုက်လာခြင်းကို နှစ်ဘက်ပူးတွဲတိုက်ခိုက်လာခြင်းဖြင့် ရန်သူရဲ့တန်ပြန်ထိုးစစ်ဆင်မှုဟာ ရိုက် ချိုးခြင်းခံရပြီး တော်လှန်ရေးအခြေအနေ ပြန်ကောင်းလာခဲ့ပါတယ်။
ဒုတိယအနေဖြင့် တဦးနဲ့တဦးနားလည်မှုရှိကြလျှင် ပြဿနာဖြစ်စေကာမှု ဖြေရှင်းနိုင်သည့်အချက်ကို လည်းကောင်း၊ တတိ ယအနေဖြင့် တော်လှန်ရေးဆင်နွဲတဲ့အခါ၌ ပြည်တွင်းထောက်ခံရုံမက နိုင်ငံခြားအားပေထောက်ခံမှုလိုအပ်ပုံ၊ ကေအဲန်ယူအ တွေ့အကြုံအရ အဖွဲ့အစည်းတိုင်းဟာ သီးခြားကြိုးစားနေခြင်းကို နိုင်ငံခြားကအထင်မကြီး စိတ်ဝင်စားမှုလည်းနည်းပါးပုံ၊ ထောက်ခံအားပေးမှုလည်းမရှိပုံ၊ နိုင်ငံခြားသားများကလည်း ထောက်ခံအားပေးမှုရရှိရန် တော်လှန်ရေးအင်အားစုများ စုစည်း ညီညွတ်စွာဖြင့် စုပေါင်းတိုက်ပွဲဝင်သင့်ကြောင်း၊ စတုတ္တအနေဖြင့် အရှေ့တောင်အာရှနိုင်ငံများ ဖြစ်ကြတဲ့ လော၊ ကမ္ဘောဒီး ယား၊ တောင်ဗီယက်နာနိုင်ငံတို့မှ မဟာအင်အားကြီး အမေရိကန်သည်ပင်လျှင် ထွက်ပြေးရတယ်။ အရင်းခံအကြောင်းရပ်က စုပေါင်းတိုက်ခိုက်မှုကြောင်းဖြစ်ကြောင်း၊ ပဉ္စမအနေဖြင့် တပ်ပေါင်းစုဖြင့် စုပေါင်းတိုက်ခိုက်ပါက အောင်ပွဲခံနိုင်မည်ကို သေ ချာစွာသိတယ်။ ကြိုးလည်းကြိုးစားတယ်။ တပ်ပေါင်းစုဖြစ်လာတယ်။ သို့သော် ပီပြင်သောအလုပ် အကောင်အထည်ပေါ် မ လာ။
ဒီအကြောင်းရပ်ကို အဟန့်အတားဖြစ်ပေါ်နေခြင်းဟာ မဟာပါတီကြီးစိတ်များရှိနေခြင်းကြောင့်ဖြစ်ကြောင်း၊ ဆဌမအနေဖြင့် မည်သို့ပင်ဖြစ်စေ အတိတ်ကဖြစ်ရပ်များကို အတွေ့အကြုံ၊ သင်ခန်စာထုတ်ယူပြီး အဖွဲ့အစည်းအသီးသီးကလည်း တပ်ပေါင်း စုဖြစ်မြောက်ရေးအတွက် စိတ်အားထက်သန်ကြတယ်။ ဤအခြေအနေများအပေါ် မျက်မှောက်အခြေအနေ(၉)ရပ်ကို သုံး သပ်တင်ပြသွားသည်။
(၁) တော်လှန်ရေးဆင်နွဲရာ၌ ပြည်သူလူထုထောက်ခံမှုရရှိရေးသည် အောင်ပွဲခံရန်အဓိက အကျဆုံးဖြစ်ကြောင်း ယခုအချိန် သည် လူထုထောက်ခံမှုများ အများဆုံးရရှိနေကြောင်း၊
(၂) ရန်သူချိနဲ့နေချိန်အတွင်း ပဋိပက္ခဖြစ်နေပြီး ညီညွတ်မှုမရှိဖြစ်နေချိန်။
(၃) တိုင်းရင်းသားလူမျိုးပေါင်းစုံနှင့် တိုင်းပြည်တ၀ှမ်းရှိ နေရာတိုင်းလိုလို ရန်သူအား တော်လှန်ရေးအင်အားစုများရဲ့ ဆန့် ကျင်တိုက်ခိုက်မှုကို ခံရနေချိန်။
(၄) ပြည်တွင်းတော်လှန်ရေးအင်အားစုများက ပြင်းထန်းစွာ တိုက်ပွဲဝင်လျှက်ရှိကြပြီး အောင်ပွဲများဆက်တိုက်ရရှိလျှက်ရှိ ကြောင်း ကိုလိုနီစံနစ် လုံးဝချုပ်ငြိမ်းသွားပြီးဖြစ်ပြီး နယ်ချဲ့သမားတွေရဲ့ အင်အားဟာ တဖြည်းဖြည်း ဆုတ်ယုတ်လျက်ရှိချိန်။
(၅) နယ်ချဲ့သမားများက ဖောက်ပြန်တဲ့ တန်ပြန်တော်လှန်ရေးအစိုးရများကို ထောက်ခံချိန်နှင့် တရုပ်နိုင်ငံကဲ့သို့သော ဆို ရှယ်လစ်နိုင်ငံများက မိမိတို့သြဇာခံများကို ထောက်ခံအားပေးနေချိန်။
(၆) နယ်ချဲ့စံနစ်ကို ပြင်းပြင်းထန်ထန်ဆန့်ကျင်ကြသော တတိယကမ္ဘာ့အုပ်စုဖြစ်ပေါ်လာချိန်။
(၇) မြန်မာပြည်မှာ တော်လှန်ရေးလှုပ်ရှားမှုဖြစ်ပေါ်လာခဲ့တာ (၂၇)နှစ်ရှိပြီးဖြစ်လို့ တော်လှန်ရေးလှုပ်ရှားမှုများဟာ လူမျိုးအ လိုက် ဒေသအသီးသီးမှာရှိနေကြပါတယ်။ ကိုယ့်အဖွဲ့အစည်း၊ ကိုယ့်လမ်းစဉ်နဲ့ တိုက်ပွဲဝင်လျှက်ရှိကြရာမှ ရန်သူဟာ တစ်ယောက်တည်းအထီးကျန်ဖြစ်နေချိန်။
(၈) ရန်သူဟာ ၎င်းတို့ချုပ်ကိုင်ထားတဲ့ ဗမာ့တပ်မတော်သာအဓိက ဖြစ်နေတယ်။ ရန်သူဟာ တော်လှန်ရေးအင်အားစုများကို မချေမှုန်းနိုင်သလို တော်လှန်ရေးလက်နက်ကိုင် အင်အားစုများကလည်း ရန်သူကို အပြုတ်မတိုက်နိုင်တဲ့ အခြေအနေမှာရှိ နေချိန်။
(၉) ရန်သူဟာ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများကို တိုက်ခိုက်နေရသည်သာမက မိမိတို့နယ်မြေအလိုက် လူထု ရဲ့တိုက်ခိုက်မှုကို ခံနေရချိန်။ လူထုကလည်း ကိုယ့်နည်းကိုယ့်ဟာနဲ့ (လက်နဲ့မဲ့)နည်းတွေနဲ့ တိုက်နေချိန်။ လူထုနဲ့လက်နက် ကိုင်တော်လှန်ရေး အင်အားစုများ အဆက်အစပ်မရှိသေးချိန်။ ဒီလိုအချိန်အခါမျိုးမှာ တပ်ပေါင်းစုနဲ့ အောင်ပွဲခံရမှာဖြစ်တယ်။
တော်လှန်ရေး ဖြစ်ပေါ်လာသည့်အကြောင်းရပ်နှင့်ပါတ်သက်၍ ယနေ့လှုပ်ရှားနေကြတဲ့ တော်လှန်ရေးလှုပ်ရှားမှုဟာ စိတ် ဆန္ဒအရဖြစ်ပေါ်လာခြင်းမဟုတ်သလို၊ သူတပါးသွေးထိုးလှုံ့ဆော်ပေးမှုကြောင့်လည်းမဟုတ်ပါ။ (ဘ၀ဖြစ်ပေါ်မှုကြောင့် လည်းကောင်း၊ ခေတ်ပြောင်းလာခြင်းကြောင့်လည်းကောင်း) ဖြစ်ပေါ်လာရခြင်းဖြစ်ပါတယ်။ ဦးစွာ ဘ၀ဖြစ်ပေါ်မှုကြောင့် တော်လှန်ရေးဖြစ်ပေါ်လာတာကို ပြောချင်ပါတယ်။ ကျွန်တော်တို့ တိုင်းရင်းသားလူမျိုးတွေဟာ လူမျိုးတမျိုးနဲ့တမျိုး ကျွန်ပြု တဲ့ လူလူချင်းသွေးစုတ်အမြတ်ထုတ်တဲ့ မဟာဗမာလူမျိုးကြီးဝါဒ၊ နယ်ချဲ့စနစ်၊ မြေရှင်ပဒေသရာဇ်စနစ် သြဇာလွှမ်းမိုးနေတဲ့ ကိုလိုနီတပိုင်း ပဒေသရာဇတပိုင်း လူ့အဖွဲ့အစည်းအတွင်းမှာ အသက်ရှည်လှုပ်ရှားလျှက်ရှိပါတယ်။ ယင်းဝါဒဆိုး၊ စနစ်ဆိုး တွေကို မဟာလူမျိုးကြီးဝါဒ နယ်ချဲ့လက်ဝေခံ ဗမာဓနရှင်များဖြစ်ကြတဲ့ အဆက်ဆက်သောအစိုးရများနှင့် နေ၀င်းစစ်အာ ဏာရှင်အစိုးရတို့က ထိမ်းသိမ်းကာကွယ်ပေးကြပါတယ်။ ဖိနှိပ်သွေးစုတ်သူတွေဟာ တိုင်းရင်းသားလူမျိုးစုံ ပြည်သူများကို လူ မျိုးရေးအရလည်းကောင်း၊ အတန်းအစားအရလည်းကောင်း၊ နှစ်ထပ်ကွမ်းဖိနှိပ်ကြပါတယ်။
တော်လှန်ရေးဖြစ်ပေါ်လာတဲ့ အခြားအကြောင်းအရာတခုကတော့ ခေတ်ရဲ့ပြောင်းလဲမှုကြောင့်ဖြစ်ပါတယ်။ ကမ္ဘာတ၀ှမ်းလုံး မှာ ဖိနှိပ်သွေးစုတ်ချယ်လှယ်တဲ့ လူမှုစနစ်ကနေ (လွတ်လပ်မှု၊ တန်းတူမှု၊ အချင်းချင်းညီအကို သဖွယ်ချစ်ခင်ရင်းနှီးမှု) စတဲ့ လူမှုစနစ်သို့ပြောင်းလဲသွားရန် ဖိနှိပ်သွေးစုတ်ခံရသူတိုင်းက တော်လှန်ခဲ့ကြတဲ့ ခေတ်ပြောင်းတော်လှန်ရေးကာလကြီးဖြစ် တယ်။
ဒါတွေဟာ တော်လှန်ရေး တရိပ်ရိပ်ဖြစ်ပေါ်လာရတဲ့ အကြောင်းရပ်တွေဖြစ်တယ်။ မြေရှင်ပဒေသရာဇစနစ်ဟာ အင်အားချိနဲ လာပြီး ယင်းအခြေအနေမှာ အင်္ဂလိပ်နယ်ချဲ့သမားတွေက မြန်မာပြည်ကို သိမ်းယူပြီး ကိုလိုနီလူမှုစနစ်ကို ကျင့်သုံးအုပ်ချုပ် လာတယ်။ ကိုလိုနီလူမှုစနစ်အောက်မှာ ဖိနှိပ်ကျွန်ပြုခံရတဲ့ တိုင်းရင်းသားလူမျိုးစုံ လုပ်သားပြည်သူများဟာ နယ်ချဲ့အရင်း ရှင် ဖိနှိပ်ကျွန်ပြုသူတွေကို ဆန့်ကျင်တော်လှန်ကြတယ်။ ယင်းသို့ တော်လှန်ရေးကြောင့် နယ်ချဲ့အရင်းရှင်အုပ်စိုးမှုနှင့် ၎င်းတို့ ကိုလိုနီအုပ်ချုပ်မှုစနစ် ချုပ်ငြိမ်းခဲ့ရပါတယ်။ မြန်မာပြည် လွတ်လပ်ရေးရလာပါတယ်။ လွတ်လပ်ရေးရပြီးနောက် တိုင်းပြည် ဟာ ကိုလိုနီတပိုင်း ပဒေသရာဇ်တပိုင်း တိုင်းပြည်ဖြစ်လာပြီး လူမျိုးရေးအရ ဖိနှိပ်ကျွန်ပြုမှုနှင့် လူလူချင်းသွေးစုတ်ဖိနှိပ်မှုတွေ ဆက်လက်ဖြစ်ပေါ်လာပါတယ်။ ယင်းသို့ဖြစ်ခြင်းကြောင့် တိုင်းရင်းသားလူမျိုးတွေရဲ့ နယ်ချဲ့စနစ် မြေရှင်ပဒေသရာဇ်စနစ်နဲ့ မဟာလူမျိုးကြီးဝါဒဆန့်ကျင်ရေး တော်လှန်ရေးတွေ ဆက်လက်ဖြစ်ပေါ်လာရခြင်းဖြစ်ပါတယ်လို့ သဘောထားတင်ပြခဲ့ပါ တယ်။
ရန်သူနဲ့ ပါတ်သက်လို့ ဥက္ကဌကြီးမန်းဘဇန်၏ သဘောထားမှာ
ကျွန်တော်တို့ နေ၀င်း(မဆလ)အပေါ်မှာ သတ်မှတ်ချက်တူတူမတူတူ အပြတ်တိုက်ရမှာပဲ။ ဒါဟာ ဘ၀ပေးတာဝန်ဖြစ်တယ်။ သတ်မှတ်ချက်မတူတာက ဒုတိယပြဿနာပဲ။ အဓိကပြဿနာကတော့ နေ၀င်းပြုတ်ဖို့ပဲ။ နေ၀င်းမပြုတ်ရင် ကျွန်တော်တို့ လွပ်လပ်ပြီး တိုးတက်တဲ့ဘ၀သစ် ထူထောင်ဖို့ မဖြစ်နိုင်ဘူး။ တနည်းအားဖြင့် ကျွန်တော်တို့လိုလားတဲ့ အချုပ်အချာအာဏာ ပိုင်ဆိုင်မှု၊ ကျွန်တော်တို့ လူနေမှု အဆင့်အတန်းမြင့်မားလာမှု၊ ဒါတွေဖြစ်မလာနိုင်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် နေ၀င်းအပြုတ် တိုက်ရေးဟာ ကွန်တော်တို့ရဲ့ ဘ၀ပေးတာဝန်ပဲ။
တပ်ပေါင်းစုဖွဲ့မယ်ဆိုတာ ကိုယ့်မူအရမှဖွဲ့မယ်ဆိုတာ သဘာဝမကျဘူး။ ကိုယ့်မူရဖွဲ့မယ်လို့ သဘောထားရင် မမှန်ဘူး။ ကျွန် တော်တို့ အမှန်တရားပေါ်မှာ အခြေခံပြီး တပ်ပေါင်းစုတည်ဆောက်သွားရမှာဖြစ်တယ်။ အဲဒီတော့ ကျွန်တော်တို့ တူညီတဲ့ အချက်တွေမြင်ကြတယ်။ ကျွန်တော်တို့ ကရင်အမျိုးသားအစည်းအရုံးဟာ နေ၀င်းကိုတိုက်နေတယ်။ နေ၀င်းကိုတိုက်တာ ကရင်အမျိုးသားတွေအတွက် အကျိုးရှိရမယ်ဆိုတာ ယုံကြည်တယ်။ တခြားအဖွဲ့အစည်းတွေကလည်း ဒီအတိုင်းဆိုတော့ ဒီ အချက်ဟာ သိပ်အရေးကြီးတယ်။ တပ်ပေါင်းစုဖွဲ့လို့ရတယ်။ တဖွဲ့ကနေ၀င်းကိုတိုက်ပြီး ကျန်တဖွဲ့က မတိုက်ဘူးဆိုရင်တော့ တပ်ပေါင်းစုဖွဲ့လို့မရဘူးလို့ ဖော်ပြသွားတယ်။